ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဟိုပင်ဒေသခံပြည်သူများတွေ့ဆုံ
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဟိုပင်ဒေသခံပြည်သူများတွေ့ဆုံ
EPN
ဟိုပင်၊ စက်တင်ဘာ ၁၄
- ကချင်ပြည်နယ်ဝန်ကြီင်္းချုပ်ဦးဆောင်သည့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ဟိုပင်မြို့ရှိ ဒေသခံ ပြည်သူများထံ စက်တင်ဘာလ ၁၃ ရက်၊နံနက် ၁၀ နာရီခွဲခန့်က ဟိုပင် အ.ထ.က ကျောင်းရှိ တေဇခန်းမ ဆောင်တွင် သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။
- ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်မှ အမှာစကားပြောကြားခဲ့ရာ ကချင်ပြည်နယ်တွင် ငြိမ်းချမ်းရေး၊းမူးယစ်ဆေးဝါးပပျောက်ရေး၊သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အစရှိ သည်များနှင့် ပတ်သက်သည့် ကိစ္စရပ်များတွင် ပြည်သူလူထုမှလည်း အမျိုးသားရေးတာဝန်တရပ်အဖြစ် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
- ထို့ပြင် ဒေသခံပြည်သူများအနေနှင့်လည်း ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန် သည့် အကြံဥာဏ်များ ပေးကြရန်နှင့် ဒေသခံအချင်းချင်းကြားတွင် မေတ္တာတရားများ ထားရှိကြရန်ကိုလည်း ထည့်သွင်း မှာကြားခဲ့ကြောင်းသိရသည်။
- အဆိုပါ တွေ့ဆုံပွဲသို့ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဒေသခံရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသော ဒေသခံများမှ မိမိတို့ရပ်ရွာအတွင်း လိုအပ်နေသည်များကို တင်ပြတောင်းဆိုခဲ့ကြပြီး ယင်းတောင်းဆိုချက်များအပေါ် ကွင်းဆင်းစစ်ဆေးကာ လိုအပ်သည်များကို ဆောင်ရွက်နိုင်ရန်အတွက် ပြည်နယ်အဆင့်သို့ တင်ပြပေးသွားမည်ဖြစ်ကြောင်း မိုးညှင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးခင်မောင်လေးက ပြန်လည်ဖြေကြားခဲ့သည်။
- ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်မှ နိုင်ငံဝန်ထမ်းများသည် ပြည်သူ့ဝန်ကို ထမ်းဆောင်ရန် ခန့်အပ်ထားခြင်းဖြစ်သောကြောင့် ပြည်သူများ၏ လိုအပ်ချက်များကို ပြည်သူနှင့်အတူ ပူးပေါင်းဆောင်ရွက် ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
- ၀န်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ဟိုပင်မြို့၊မြို့တော်ခန်းမတည်ဆောက်ရန်အတွက် မင်္ဂလာပန္နက် တိုင်များ စိုက်ထူပေးခဲ့ကြကာ ဟိုပင်ဆေးရုံကြီးအား ၂၅ ခုတင်ဆန့်မှ ခုတင် ၅၀ ဆန့်ဆေးရုံအဖြစ်သို့ အဆင့် တိုးမြှင့်ပေးရန်အတွက်လည်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။







Comments
Post a Comment