မိုးညှင်း၊ စက်တင်ဘာ ၆

မိုးညှင်းခရိုင် ယာဉ်ထိန်းတပ်ဖွဲ့စုအား အသရေပျက်စေသောစာသားများဖြင့် လူမှုကွန်ယက်စာမျက်နှာ ပေါ် တွင် ရေးသားခဲ့သူက ပြန်လည်တောင်းပန်


မိုးညှင်းခရိုင် အမှတ်(၁၀၁)ယာဉ်ထိန်းတပ်ဖွဲ့စု  ဒုရဲမှူးမြင့်မိုးနှင့် တပ်ဖွဲ့အပေါ်    Facebook လူမှု ကွန်ယက်စာမျက်နှာပေါ်တွင် အသရေ ပျက်စေသော စာသားများဖြင့် ရေးသားခဲ့သူ အမျိုးသမီးတစ်ဦးက ပြန်လည်တောင်းပန်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၅ ရက်၊ ညနေ ၃နာရီခန့်က နားခါရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ပြန်လည် တောင်းပန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြန်လည်တောင်းပန်ခဲ့သူမှာ နန့်စီးအောင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ယာဉ်ထိန်းတပ်ဖွဲ့မှ ယာဉ် လိုင်စင်များစစ်ဆေးနေစဉ် မိုးညှင်းမြို့၊ နားခါ မြောက်ရပ်ကွက်၊ အိမ်အမှတ် (၁၃၃)တွင်နေထိုင်သူ မသဲစု(ခ) မမေသဲစုသည် ကားကို ယာဉ်မောင်းသင်လိုင်စင်ဖြင့်သာ မောင်းနှင်လာသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ဥပဒေအရ အရေးယူရန် ပြုလုပ်ခဲ့ခြင်းအပေါ် မသဲစုမှ ၄င်း၏ လူမှုကွန်ယက်စာ မျက်နှာပေါ်တွင် ယာဉ်ထိန်း ရဲတပ်ဖွဲ့အား အများပြည်သူ အမြင်လွဲမှားစေသည့် အရေးအသားများဖြင့် ရေးသားခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

“ကျမရဲ့ လူမှုကွန်ယက်စာမျက်နာမှာ ယာဉ်ထိန်း တပ်ဖွဲ့အပေါ် အထင်အမြင် လွဲမှားပြီးရေးသား ခဲ့ပါတယ်၊ ဒု-ရဲမှူးမြင့်မိုးနဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့တွေ အားလုံးကိုတောင်းပန်ပါတယ်” ဟု မသဲစုက ပြောသည်။

မမေသဲစုမှ တောင်းပန်လာခြင်းအပေါ် ၄င်းတို့အနေနှင့် ကျေအေးပေးနိုင်သော်လည်း ယခုဖြစ်စဉ်နှင့် ပါတ်သက်၍တာဝန်အရ အထက်သို့ အစီရင်ခံစာများတင်ပြရမည်ဖြစ်ကြောင်း မိုးညှင်းခရိုင် အမှတ်(၁၀၁)ယာဉ် ထိန်းတပ်ဖွဲ့စုမှ ဒုရဲမှူးမြင့်မိုးကပြောသည်။

“မသဲစု မောင်းလာတဲ့ကားကို ကျွန်တော်တို့ တပ်ဖွဲ့ဝင် ဒုတပ်ကြပ်ကျော်မင်းထွန်းက လိုင်စင် စစ်လိုက်တဲ့ အချိန်မှာ ယာဉ်မောင်း လိုင်စင် မပါဘဲ "သင်"မောင်း လိုင်စင်ဘဲပါတယ်။ ဒါကို ချလန်ဖြတ်ပေး ဖို့အတွက် ကားဝှီးတက်ကို ယူသွားပြီးတော့ ဂိတ်ခန်းအတွင်းမှာ ချလန်ဖြတ်နေတဲ့အချိန် မသဲစုက  ၀ှီးတက်ကို ဆွဲလုသွားတယ်။ ပြီးတော့ ယာဉ်ထိန်းတပ်ဖွဲ့တွေအပေါ် အထင်မှားအောင်Facebook စာမျက်နှာမှာ ရေးခဲ့ တယ်”  ဟုဆိုသည်။

မသဲစုမှ ကားပေါ်သို့ပြန်တက်ကာ မောင်းထွက်ရန်ကြိုးစားစဉ် ယာဉ်ထိန်းတပ်ဖွဲ့ဝင်တစ်ဦးမှ ကားသော့ကို ဆွဲဖြုတ်ရာသော့အုံပါ ပြုတ်ထွက်လာခြင်းဖြစ်ပြီး အဆိုပါ သော့အုံပျက်စီးသွားမှုအပေါ် ယာဉ်ထိန်း တပ်ဖွဲ့အနေနှင့် ပြန်လည်ပေးလျော်မည်ဖြစ်ကြောင်း နားခါရပ်ကွက် အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားထားခဲ့သည် ဟု  ဒုရဲမှူးမြင့်မိုးမှ ဆက်လက် ရှင်းပြသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မသဲစုမှ ဒုရဲမှူး မြင့်မိုးအား ဖုန်းနှင့် ဆက်သွယ်၍ ရင့်သီးသော အသုံးအနှုန်းများဖြင့် ပြောကြားခြင်း Facebook စာမျက်နှာပေါ်တွင် ယာဉ်ထိန်းတပ်ဖွဲ့အား အများပြည်သူ အမြင် လွဲမှားစေသော စာသားများ ရေးသားဖော်ပြခဲ့ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း ဒုရဲမှူး မြင့်မိုးက ပြောသည်။
မသဲစု၏   Facebook စာမျက်နှာတွင် "ကားဝှီးတက်ကိုသိမ်းမယ်ဆိုတယ် အရက်မှူးနေတာကြောင့် စကားမပြောဘဲ ကားမောင်းမလို့အပြင်မှာလက်ကိုလိမ်ချိုးပြီး ကားသော့လုတယ် ကားသော့ပျက်စီး သွားတယ် လျော်ပေးပြောတော့တိုင်ချင်ရာတိုင်လို့ပြောတယ် ယောင်္ကျားကသင်တန်းတက်နေလို့ ကူညီမဲ့ သူမရှိပါ စစ်တပ်ကအကိုကြီးများ အမကြီးများကူညီပါဦးရှင်" ဟု တပ်မတော်နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ အပေါ် အထင်အမြင်လွဲမှားစေသော စာများရေးသားခဲ့ကြောင်း အဆိုပါဝန်ချတောင်းပန်ပွဲမှသိရပြီး ယင်းရေးသားချက်များမှာလည်း လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် ပြန့်နှံ့နေကြောင်းသိရသည်။

ဆက်သွယ်ရေး ကွန်ယက်ကို အသုံးပြု၍ လူတစ်ဦးကိုဖြစ်စေ အဖွဲ့အစည်းတစ်ခုကိုဖြစ်စေ အသရေဖျက်ခြင်း မလျော်သြဇာသုံးခြင်းများ  ပြုလုပ်ပါက အသစ်ပြင်ဆင်ပြဌာန်းလိုက်သော ဆက်သွယ် ရေးဥပဒေအရ (၂)နှစ်ထက်မပိုသောထောင်ဒဏ်နှင့် ငွေဒဏ်များ ချမှတ်နိုင်ကြောင်းသိရသည်။

ယာဉ်မောင်းရာတွင် မောင်း သင် လိုင်စင်ဖြင့် မောင်းနှင်မည်ဆိုပါက သတ်မှတ်ထားသော စည်းကမ်းအရ မောင်းနှင်သူ၏ နံဘေးတွင် ယာဉ်မောင်းလိုင်စင်ရှိသူတစ်ဦး လိုက်ပါရမည်ဖြစ်ကြောင်း မိုးညှင်းခရိုင် ယာဉ်ထိန်းတပ်ဖွဲ့ရုံးမှသိရသည်။
                                                  သူရ




EPN

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ