ကချင်ပြည်နယ်အစိုးရအဖွဲ့က ဟိုပင်မြို့မြေနုကျေးရွာကြိုးတံတားအတွက် ကျပ်သိန်း(၆၀)ကူညီ
ကချင်ပြည်နယ်အစိုးရအဖွဲ့က ဟိုပင်မြို့မြေနုကျေးရွာကြိုးတံတားအတွက် ကျပ်သိန်း(၆၀)ကူညီ
EPN
ဟိုပင် စက်တင်ဘာ ၂၁
- ကချင်ပြည်နယ်အစိုးရအဖွဲ့က မိုးညှင်းမြို့နယ် မြို့သစ်ကလေးကျေးရွာအုပ်စု မြေနုကျေးရွာ ကြိုးတံ တား တည်ဆောက်ခြင်းလုပ်ငန်းအတွက်ငွေကျပ်သိန်း(၆၀) ထောက်ပံ့လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား ကို စက်တင်ဘာ ၂၁ ရက် နံနက် ၁၀နာရီခန့်က ဟိုပင်မြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းမတွင် ပြုလုပ် ခဲ့သည်။
- အခမ်းအနားတွင် ကချင်ပြည်နယ်အစိုးရအနေဖြင့် ယခုလိုမြန်မြန်ဆန်ဆန် လုပ်ဆောင်ပေးနိုင်မည်ဟု မယူဆမိကြောင်း လွှတ်တော်ကိုယ်စားလှယ်ဒေါ်စန်းစန်းအိက ၎င်းပွဲသို့တက်ရောက်လာသူများအားပြောကြားခဲ့သည်။
- ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်ပြည်သူများ၏ လိုအပ်များကို ဖြည့်ဆည်းလျှက်ရှိကြောင်း၊ ပြည်သူများက ဌာနဆိုင်ရာအဖွဲ့စည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း မိုးညှင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲအောင်က ပြောကြားခဲ့သည်။
- ထို့နောက် ကချင်ပြည်နယ်အစိုးရအဖွဲ့က မြေနုကျေးရွာ ကြိုးတံတားတည်ဆောက်ခြင်းလုပ်ငန်း အတွက် ထောက်ပံ့ပေးသော ငွေကျပ်သိန်း(၆၀)ကို ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား မြို့နယ်အုပ်ချုပ်ရေးမှူး က မြေနုကျေးရွာတာဝန်ရှိသူထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
- ၎င်းအခမ်းအနားသို့ မိုးညှင်းမြို့နယ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဟိုပင်မြို့ပေါ်ဌာနဆိုင်ရာအသီးသီးမှ အရာရှိ၊ အရာခံများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ အရပ်ဖက်လူမှုအဖွဲ့များ စုစုပေါင်း(၉၇)ဦး တက်ရောက်ခဲ့ ကြောင်း သိရှိရသည်။





Comments
Post a Comment