ဟိုပင်-နန့်မွမ်းသွားကားလမ်းပေါ်တွင် ဆိုင်ကယ်တစ်စီးမှ စိတ်ကြွရူးသွပ်ဆေးပြားဖမ်းဆီးရမိ

ဟိုပင်မြို့ ဟိုပင်-နန့်မွမ်းသွားကားလမ်းပေါ်တွင် ဆိုင်ကယ်တစ်စီးမှ စိတ်ကြွရူးသွပ်ဆေးပြားဖမ်းဆီးရမိ
EPN


ဟိုပင်မြို့၊ စက်တင်ဘာ ၇
    ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် ဟိုပင်မြို့ (၈)မိုင်တောင်ခြေ၊ ဟိုပင်-နန့်မွမ်းသွား ကားလမ်းပေါ်တွင် ဆိုင်ကယ်တစ်စီးမှ စိတ်ကြွရူးသွပ်ဆေးပြား ဖမ်းဆီးရမိခဲ့ကြောင်း ဟိုပင်နယ်မြေရဲစခန်းမှသိရသည်။
    ဖြစ်စဉ်မှာ စက်တင်ဘာလ ၆ရက်နေ့ ညနေ၅နာရီခွဲအချိန်ခန့်က ဟိုပင်မြို့ (၈)မိုင်တောင်ခြေ၊ ဟိုပင်-နန့်မွန်းသွား ကားလမ်းပေါ်တွင် မူးယစ်တပ်ဖွဲ့စု (၃)မိုးညှင်းမှ ရဲအုပ် နိုင်ဝင်းဦးစီးတပ်ဖွဲ့ဝင်များ၊ နမစ (ဟိုပင်)မှ နယ်ထိန်း ရဲတသ ရဲသီဟတို့သည် ရှောင်တခင်စစ်ဆေးနေစဉ် နန့်မွန်းဘက်မှ ဟိုပင်ဘက်သို့ YINZIANG အနက်ရောင် 125 ဆိုင်ကယ်အား နိုင်ဦး (၂၈)နှစ် အင်းတော်မြို့နယ် မော်လူးဒေသ အုန်းချစ်ကုန်းကျေးရွာနေသူမှ မောင်းနှင်လာသည်ကိုတွေ့ရှိ၍ ရပ်တန့်စစ်ဆေးရှာဖွေရာ ၄င်းဝတ်ဆင်ထား သည့် Dr Dad စာတမ်းပါ အနက်ရောင်လက်ရှည်အင်္ကျီယာဘက်အိပ်ကပ်အတွင်းမှ အအေးစုပ်ပိုက်တို့ဖြင့် ထည့်လျှက် ဘိန်းဖြူဟုယူဆရသော ဖြူ/၀ါရောင်အမှုန့် ပိုက်တို (၁)ခုလျှင် အလေးချိန် (၀.၁)ဂရမ်ခန့်ပါ ပိုက်တို(၆)ခု အလေးချိန် (၀.၀၆)ဂရမ်ခန့်နှင့် ၄င်းစီးလာသည့် ဆိုင်ကယ်တူးဘောက်အတွင်းမှ လိမ္မော်ရောင် သနပ်ခါးဗူးဖြင့်ထည့်လျှက် အပြာရောင်ကပ်ခွာအိတ်ဖြင့်ထုတ်ထားသည့် 88/1 စာတမ်းပါပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား (၄၀)ပြား၊ အလေးချိန်(၄)ဂရမ်ခန့်အား သက်သေများနှင့်အတူ လက်ဝယ်တွေ့ရှိ ခဲ့ပြီး ဖမ်းဆီးခဲ့သည်။
    ဆက်လက်၍ နိုင်ဦးအား စစ်ဆေးမေးမြန်းရာ ဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးဝါးများမှာ စက်တင်ဘာလ ၅ရက်နေ့ ညနေ ၅နာရီအချိန်တွင် အင်းတော်မြို့နယ်၊ လယ်တောတွင် အမည်မသိ၊ လူမြင်လျှင် မှတ်မိ၊ အသက် ၄၀နှစ်ခန့်၊ ရှမ်း/ဗမာအမျိုးသား၊ အသားဖြူ၊ အရပ်သင့်၊ ဆံပင် နက်/တို(၁)ဦးထံမှ 88/1ပါ စိတ်ကြွရူးသွပ်ဆေးပြား (၅၀)ပြား ၁၅၀၀၀၀ကျပ်ဖိုးခန့်နှင့် ဘိန်းဖြူ(၁)ဂရမ် ၆၀၀၀၀ကျပ်ဖိုးဝယ်ယူခဲ့ပြီး ကျန်ရှိသော ပစ္စည်းများ ဖြစ်ကြောင်း သိရသည်။
    မူးယစ်ဆေးဝါး သယ်ဆောင်လာသူ နိုင်ဦး(၂၈)နှစ် အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ အုန်းချစ်ကုန်းကျေးရွာနေသူအား ဒုရဲအုပ်နေလင်းမှ တရားလိုပြုလုပ်ကာ ဟိုပင်နယ်မြေရဲစခန်းတွင် ဒုရဲအုပ် ဇော်မျိုးမင်းက မယ(ပ)၃၄/၂၀၁၇၊ မူးယစ်ပုဒ်မ ၁၅/၁၉(က) ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
နောင်ခမ်းသား

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ