မြစ်ကြီးနားမြို့ ၂၁မိုင်ပူးပေါင်းဂိတ်တွင် ပစ္စတိုသေနတ် ၁လက်နှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မြစ်ကြီးနားမြို့ ၂၁မိုင်ပူးပေါင်းဂိတ်တွင် ပစ္စတိုသေနတ် ၁လက်နှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၁၄
  • မြစ်ကြီးနားမြို့ ၂၁မိုင်ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် စက်တက်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်း ၅ နာရီခွဲခန့်က အမျိုးသားနှစ်ဦးထံမှ ပစ္စတို သေနတ်တစ်လက်နှင့် မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
  • မူးယစ်တပ်ဖွဲ့စု ၂မှ ဒုရဲအုပ်ကျော်ကျော်တင့်ဆွေဥိးစီးအဖွဲ့မှ ရဲအုပ်မြင့်သိန်းဦးစီးအဖွဲ့သည်  သက်သေများနှင့်အတူ မူးယစ်ဆေးဝါးသတင်းအရ မော်တော်ယာဉ်များအား စစ်ဆေးနေစဉ် နမ္မတီးဘက်မှ မြစ်ကြီးနားဘက်သို့ မောင်းနှင်လာသော YGN 7C/ 1862 နံပတ်ပါ ALOHARD အဖြူရောင်ကားကို ရပ်တန့်စစ်ဆေးရာ ယင်းသို့ ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်သည်။
  • ယာဉ်မောင်း နော်ဆိုင်းမော်နှင့် ထိုင်လျက် လိုက်ပါလာသော ဂျာလီအောင်မြတ်၏ ယာဉ်ခေါင်းခန်း နေကာမှန် ၂ခုကြား အံဝှက်အတွင်းမှ အပြာရောင်ပလပ်စတစ်ကပ်ခွာအိတ်ဖြင့် ထည့်ထားသော (၁) စာတန်းပါ နီညိုရောင်စိတ်ကြွဆေးပြား (၁၁၄)ပြား၊ ရှေ့ကား ဒက်ရ်ဘုတ်အံဝှက်အတွင်းမှ မူးယစ်ဆေးဝါးရောင်းဝယ်မှုဖြင့်ရရှိသည်ဟု ယူဆရသော မြန်မာငွေ ကျပ် ၁၅၂ သိန်းတို့နှင့်အတူ ယာဉ်မောင်း ထိုင်ခုံအောက် သိုဝှက်လာသော M-002961 AUSTRIA နိုင်ငံထုတ် STERY M9-A1 (9 ×19) အမျိုးအစား ပစ္စတို သေနတ် ၁ လက်နှင့် ၎င်းကျည် ၂၄ ထောင့်၊ ကျည်ဘောက် ၁ခုတို့ကို သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
  • အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း နော်ဆိုင်းမော် (၂၇နှစ်)နှင့် ဂျာလီအောင်မြတ် (၃၂နှစ်) တို့နှစ်ဦးကို မယ (ပ) ၉၄/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/ ၁၉(က)/ ၂၀(က)/ ၂၂ (ခ)/ ၂၁ တို့ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
                                                       ပတ်ကွိုင်သား

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ