မြစ်ကြီးနား ယာဉ်ရပ်နားစခန်းကို ယခုလကုန်အပြီးတည်ဆောက်မည်

မြစ်ကြီးနား ယာဉ်ရပ်နားစခန်းကို  ယခုလကုန်အပြီးတည်ဆောက်မည်

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၂၇
  • မြစ်ကြီးနားမြို့ ယာဉ်ရပ်နားစခန်းကို ယခုလကုန် အပြီးတည်ဆောက်သွားမည် ဖြစ်ကြောင်း ကချင်ပြည်နယ် အစိုးရရုံးမှ သိရသည်။
  • အဆိုပါ ကားကြီးဝင်းအသစ်အား လက်ရှိ ၉၅ ရာခိုင်နုန်းခန့်ပြီးစီးနေပြီဖြစ်ကြောင်းနှင့် ယင်းဆောက်လုပ်မှုကို မဉ္ဇူသာ ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်နေကြောင်း သိရသည်။
  • "ကုမ္ပဏီက ကုန်ကျငွေ သိန်းပေါင်း ခြောက်ထောင်ကျော်တင်လာတယ်။ အဲဒါကို ပြန်စီစစ် ခိုင်းထား တယ်။ အခုလ လကုန်တော့ ဖွင့်နိုင်မယ်" ဟု ကချင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးနေဝင်းက ပြောသည်။
  • လက်ရှိအသုံးပြုနေသည့် သီသာရပ်ကွက်ကား ကြီးဝင်းသည် ပြည်နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာန၏ ပိုင်မြေဖြစ်ကြောင်း၊ မော်တော်ယာဉ်အစီးရေများပြားလာခြင်းကြောင့် ယခင် ပြည်နယ်အစိုးရက ၂၀၁၄ ခုနှစ်အတွင်းပြောင်းရွေ့ရန်စီစဉ်ထားသော်လည်း အဆင်မပြေသဖြင့် ယခုပြန်လည်  ပြည်နယ်အစိုးရ မှ သိရသည်။
  • ယခုဆောက်လုပ်နေသည့် ကားကြီးဝင်းအသစ် တွင် မြေနေရာ ၈ ဒသမ ၇ဧက၊ ခရီးသည် နားဆောင်၊  တည်းခိုခန်း၊ စတိုးဆိုင်ခန်း၊ ပွဲရုံနှင့်  သန့်စင်ခန်းတို့အတွက် စုစုပေါင်းအလန်း ၈၆ခန်း ပါပြီး နှစ်ထပ်ဆောင် အဆောက်အဦးဖြစ်သည်။
                                                           ပတ်ကွိုင်သား

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ