ဓမ္မရက္ခတ ဝန်းသိုကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တသီလဝံသ မဟာ ထေရ်မြတ်ကြီး၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇော်ပွဲ ကျင်းပရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပ

ဓမ္မရက္ခတ ဝန်းသိုကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တသီလဝံသ မဟာ ထေရ်မြတ်ကြီး၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇော်ပွဲ ကျင်းပရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပ

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၁၅
  • ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရှမ်းစုမြောက်ရပ်ကွက် ဓမ္မရက္ခိတ ဝန်းသိုကျောင်းတိုက်တွင် စက်တင်ဘာလ(၁၅)ရက် ညနေ (၃)နာရီအချိန်က ဝန်းသိုကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယက ဆရာတော်ကြီး ကချင်ပြည်နယ်၏ အဓိပတိ ဥသျှောင် အဘိဓဇမဟာရဠဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ နိုင်ငံတော် သြဝါဒါစရိယ ဘဒ္ဒန္တ သီလဝံသ မဟာထေရ်မြတ်ကြီး၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇော်ပွဲ ကျင်းပရေး ဒုတိယအကြိမ် ညှိနှိုင်း အစည်းအဝေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။
  • အခမ်းအနားအား နမောတဿ ၃ ကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ခဲ့ပြီးဝန်းသိုကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကေတုမာလမှ လိုအပ်သည်များကို မိန့်ကြားခဲ့ပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တိုင်းမှူး ဗိုလ်ချုပ်ညီညီဆွေမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
  • ဆက်လက်၍ ဦးစီးကော်မတီ ဥက္ကဠ စည်ပင်သာယာရေးဝန်ကြီး ဦးနေဝင်းမှ လိုအပ်သည်များကို ဆွေးနွေးပြောကြားခဲ့ပြီး၊ သက်ဆိုင်ရာ ကော်မတီ အလိုက် အခမ်းအနားဖြစ်မြောက်ရေး အစီအစဉ်များကို အသီးသီးဆွေးနွေးတင်ပြခဲ့ကြသည်။
  • ကချင်ပြည်နယ်၏ အဓိပတိဥသျှောင် ဝန်းသိုဆရာတော်ဘုရားကြီး၏ အန္တိမ အဂ္ဂိဈာပနသာဓုကီဠန ပူဇော်ပွဲကို ၁၃၇၉ခုနှစ် သီတင်းကျွတ်လဆုတ် ၁၃ရက်မှ တန်ဆောင်မုန်းလဆန်း ၁ ရက်နေ့ထိ ၃ ရက် တိုင်တိုင် မိုင်းနားကျေးရွာအနီး မုန့်ခိုးတောင်သို့ ပင့်ဆောင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
  • အခမ်းအနားသို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တိုင်းမှူးဗိုလ်ချုပ်ညီညီဆွေနှင့် အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်းအင်အား (၁၀၀)ကျော်ခန့် တက်ရောက်ခဲ့သည်။
                                                        အညာသား




Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ