အခြေခံစက်ချုပ်သင်တန်းဆင်းပွဲအခမ်းအနားကျင်းပပြုလုပ်
အခြေခံစက်ချုပ်သင်တန်းဆင်းပွဲအခမ်းအနားကျင်းပပြုလုပ်
EPN
မြစ်ကြီးနား စက်တင်ဘာ ၁၃
- ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက် ရက်ကန်းနှင့် အသက်မွေးမှုဆိုင်ရာ သင်တန်းကျောင်းခန်းမတွင် စက်တင်ဘာလ ၁၃ရက် နံနက် ၁၀ နာရီက စက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။
- ရှေးဦးစွာ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်မောင်းက ယခု သင်တန်းသည် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရှိစေခြင်း မိသားစုအပိုဝင်ငွေများ တိုးပွားစေခြင်း တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများဆောင်ရွက်နိုင်ခြင်းတို့ကြောင့် သင်တန်းသူများအနေနှင့် သင်ကြားခဲ့ သည့် ပညာများအား မမေ့မလျော့ဘဲ လက်တွေ့နယ်ပယ်တွင် အသုံးချဆောင်ရွက်သွားကြရေး အဖွင့်မိန့်ခွန်း တွင်ထည့်သွင်းပြောကြားခဲ့သည်။
- အဆိုပါ သင်တန်းအားသြဂုတ်လ ၁၅ ရက်နေ့မှ စက်တင်ဘာလ၁၃ရက်နေ့အထိ ၁လကြာ ဖွင့်လှစ်ခဲ့ပြီး အမ်ိဳးသမီးဝတ္အက်ႌအမ်ိဳးမ်ိဳး၊ စကဒ္အမ်ိဳးမ်ိဳး၊ ထမီကေလးဝတ္အက်ႌ၊ ယောင်္ကျားဝတ်ရှပ် အင်္ကျီတို့အား ကျောင်းအုပ်ဆရာမကြီး ဒေါ်မြဉ္ဇူဝင်း ဒုတိယနည်းပြ ဒေါ်ခင်သဲစုတို့မှ စာတွေ့လက်တွေ့ များဖြင့် သင်ကြားပြသပေးခဲ့ကြောင်းသိရသည်။
- ဆက်လက်၍ သင်တန်းတွင်ဆုရရှိသူများနှင့် သင်တန်းဆင်းအောင်လက်မှတ်များအား ပြည်နယ် ဦးစီးမှူး ဦးအောင်မောင်းနှင့် တာဝန်ရှိသူများမှ အသီးသီးပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။


Comments
Post a Comment