မြစ်ကြီးနားတွင် ရဲတပ်သားတစ်ဦး ဘုန်းကြီးကျောင်းဝင်းအတွင်း မူးယစ်ဆေးသုံးစွဲရာမှ သေဆုံးမှုဖြစ်ပွား
မြစ်ကြီးနားတွင်
ရဲတပ်သားတစ်ဦး ဘုန်းကြီးကျောင်းဝင်းအတွင်း မူးယစ်ဆေးသုံးစွဲရာမှ သေဆုံးမှုဖြစ်ပွား
EPN
မြစ်ကြီးနား၊
စက်တင်ဘာ ၁၁
- ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရှမ်းစုမြောက်ရပ်ကွက် ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်အတွင်းရှိ အိမ်သာအတွင်း ရဲတပ်သားတစ်ဦး မူးယစ်ဆေးဝါးသုံးစွဲရာမှ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး မျိုးသူရနောင်က ပြောသည်။
- “သေဆုံးသူက ဗလမင်းထင်တံတားနားက စီတာပူရဲကင်းက ရဲတပ်သားပါ အခင်းဖြစ်တဲ့ ဘုန်းကြီး ကျောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ သူ့သူငယ်ချင်းဆီသွားရင်း ဖြစ်သွားတာပါ” ဟု၎င်းကပြောသည်။
- စက်တင်ဘာလ ၁၁ရက် နံနက်၁၀နာရီခန့်တွင် မြစ်ကြီးနားမြို့ ရှမ်းစုမြောက်ရပ်ကွက် ဝန်းသိုကျောင်းတိုက်အတွင်းရှိ အများသုံးအိမ်သာ ၆ခန်းတွဲအတွင်း၌ ရဲတပ်သား ကျော်ဇင်မှာ မူးယစ်ဆေးဝါး သုံးစွဲရာမှ သေဆုံးနေကြောင်းသိရှိရသဖြင့် မြို့မရဲစခန်း တာဝန်မှူး ဒုရဲအုပ် ကျော်မျိုးသိန်းမှ သွားရောက်စစ်ဆေးခဲ့သည်။
- အဆိုပါအိမ်သာ၏ ဘေးရေကန်ပေါ်၌ ဆေးထိုးအပ်တစ်ချောင်းနှင့် ကော်ဘူးခွံ တစ်ခုအားတွေ့ရှိ ရပြီး သိမ်းဆည်းကာ အလောင်းအား မြစ်ကြီးနားပြည်သူ့ဆေးရုံသို့ ရဲဆေးစာဖြင့် ရင်ခွဲစစ်ဆေးလျှက်ရှိ ကြောင်း သိရသည်။
- အဆိုပါ ရဲတပ်သားမှာ စီတာပူရဲကင်းစခန်းမှ မြစ်ကြီးနားတရားရုံးသို့ ရုံးထုတ်တာဝန်ကျ ထမ်းဆောင်ရန်အတွက် လွှတ်လိုက်ရာ တရားရုံးသို့ မသွားဘဲ ဘုန်းကြီးကျောင်းအတွင်း တာဝန်ကျနေ သော ၎င်း၏သူငယ်ချင်းဖြစ်သူ ရဲတပ်သား နေလင်းအောင်ထံသွား၍ အိမ်သာတက်ချင်ကြောင်း ပြောပြီး အိမ်သာအတွင်း နာရီဝက်ခန့်ကြာသော်လည်း ပြန်ထွက်မလာသောကြောင့် သွားရောက်ကြည့်ရှုရာမှ အိမ်သာအတွင်း သေဆုံးနေကြောင်း မြို့မရဲစခန်း၏ ရဲမှတ်တမ်းများအရ သိရှိရသည်။
မီးမီး

Comments
Post a Comment