မိုးကောင်းမြို့ရှိ စစ်ဘေးရှောင်များသို့ ဆန်အိတ်များလှူဒါန်း
မိုးကောင်းမြို့ရှိ စစ်ဘေးရှောင်များသို့ ဆန်အိတ်များလှူဒါန်း
EPN
မိုးကောင်း၊ စက်တင်ဘာ ၁၄
- ကချင်ပြည်နယ် ဝန်ကြီးချုပ်ခရီးစဉ်နှင့် လိုက်ပါလာသော ပြည်နယ်လူမှုရေး ဝန်ကြီးဒေါက်တာ သင်းလွင်သည် မိုးကောင်းမြို့ရှိ စစ်ဘေးရှောင်(IDP Camp)များသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်မကြီး၊ မြစ်ကြီးနားကုတင် ၅၀၀ဆံ့ ဆေးရုံ အုပ်ကြီးဒေါက်တာအောင်ငွေစံ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒု-ပြည်နယ်မှူးဒေါက်တာ တင်ညိုညို၊ ပြည်နယ်ပညာရေးမှူး ဦးအောင်သန်းတို့နှင့်အတူ ဆန်အိတ်များ သွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
- “ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ လူထုကိုယ်တိုင်ပါဝင်၍ လူထုကိုယ်တိုင်ပါတ်သက်လာပါက ငြိမ်းချမ်းရေးကို အနှေးနှင့်အမြန်ရရှိမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရကလဲလိုချင်တယ် အဖွဲ့အစည်းတွေ ကလဲလိုချင်မယ် ပြည်သူတစ်ဦးချင်းစီကလဲ လိုချင်မယ်ဆိုရင် ငြိမ်းချမ်းရေးဆိုတာ မလွှဲမသွေရရှိလာမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးရလာရင် ပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ထိထိရောက်ရောက် လုပ်နိုင်လာမှာ ဖြစ်ပြီး (IDP camp)ကနေ ပြန်သွားရင်လည်း အစိုးရအနေနဲ့၆လထိ ဆက်လက်ထောက်ပံ့နေမှာဖြစ်ပြီး အသက်မွေးဝမ်းကျောင်း ပညာသင်ကြားရန်အတွက်လည်း အကူအညီပေးမှာဖြစ်ကြောင်း တိုင်းရင်းသား တွေကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာနနှင့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်မှလည်း ပစ်ထားမှာမဟုတ်ပါကြောင်း" စက်တင်ဘာလ(၁၃)ရက် နေ့လည်(၁)နာရီက ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်ကပြောသည်။
- မိုးကောင်းမြို့ပေါ်ရှိ စစ်ဘေးရှောင်(IDP Camp) ၃-ခုသို့သွားရောက်၍ Campတစ်ခုလျှင် ဆန်အိတ် ၂၀အိတ်စီကို လှူဒါန်းခဲ့ပြီး နန့်ရင်းရပ်ရှိ မိဘမဲ့သပြေပင်ပရဟိတစာသင်ကျောင်းသို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော် ဦးအဂ္ဂဝံသထံသို့ လိုအပ်သောနေရာတွင် အသုံးပြုရန် ဆေးဝါးနှင့်ဆေးဝါးဆက်စပ် ပစ္စည်းနှင့် ဗလာစာအုပ်များကိုပေးအပ်လှူဒါန်းခဲ့သည်။





Comments
Post a Comment