ကချင်ပြည်နယ် ရဲတပ်ဖွဲ့နှင့် မိသားစုဝင်များမှ စုပေါင်းသွေးလှူ

ကချင်ပြည်နယ် ရဲတပ်ဖွဲ့နှင့် မိသားစုဝင်များမှ စုပေါင်းသွေးလှူ

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၂၂
  • လာမည့် အောက်တိုဘာလ ၁ရက်နေ့တွင် ကျရောက်မည့် ၅၃နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကချင်ပြည်နယ် ရဲတပ်ဖွဲ့နှင့် မိသားစုဝင်တို့မှ စုပေါင်းသွေးလှူ ဒါန်းခြင်း ကို မြစ်ကြီးနားပြည်သူ့ဆေးရုံ၌ စက်တင်ဘာလ ၂၂ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
  • “သွေးလှူဒါန်းခြင်းက  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသည့်အနေနဲ့ လှုဒါန်းခြင်းဖြစ်တယ်။ မြစ်ကြီးနားဆေးရုံအတွင်း သွေးလှူအပ်တဲ့ လူနာတွေအတွက် အဆင်သင့်ဖြစ်စေရန် ကချင်ပြည်နယ်မှာရှိတဲ့ ရဲတပ်ဖွဲ့နှင့် မိသားစုဝင်တွေပါဝင်ပြီး နှစ်စဉ် လှူဒါန်းပါတယ်”  ဟု မြစ်ကြီးနား ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး သိန်းနိုင်က ပြောသည်။
  • အဆိုပါ သွေးလှူမှုကို ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများမှ အရာရှိနှင့် တပ်ဖွဲ့ဝင် စုစုပေါင်း ၆၇ဦး လှူဒါန်းခဲ့ကြောင်းနှင့် ၅၃နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြုစုပေါင်း လုပ်အားပေးခြင်းများကိုလည်း အပတ်စဉ် ပြုလုပ်လျက်ရှိကြောင်း ဒုတိယရဲမှူးကြီးက ဆက်လက်ပြောကြားသည်။
  • အဆိုပါ သွေးလှုခြင်းအခမ်းအနားကို ကချင်ပြည်နယ် မူးယစ်အထူးတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့၊ ယာဉ်ထိန်းတပ်ဖွဲ့နှင့် ပြည်နယ်ရဲတပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များပါဝင်ပြီး အခမ်းအနားသို့ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းဦးနှင့် ဒုတိယပြည်နယ်ရဲမှူးကြီးများ၊ ခရိုင်ရဲတပ်ဖွဲ့မှုးနှင့် မြို့နယ်ရဲတပ်ဖွဲမှူးများ ပါဝင်တက်ရောက်ခဲ့သည်။
                                                           ပတ်ကွိုင်သား




Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ