မိုးကောင်းမြို့နယ် သမဝါယမအသင်းစု အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ
မိုးကောင်းမြို့နယ် သမဝါယမအသင်းစု အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ
EPN
မိုးကောင်း စက်တင်ဘာ ၁၂
- ကချင်ပြည်နယ် မိုးကောင်းမြို့နယ် သမဝါယမအသင်းစု၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ကျင်းပရာ သဘာပတိ အသင်းစု ဥက္ကဋ္ဌ ဦးထွန်းအောင်ဦး၊ ပြည်နယ်သမဝါယမဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးသန်းဝင်းနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြတ်သူအောင်တို့က အမှာစကား ပြောကြားပြီး အသင်းစု၏နှစ်ပတ်လည် လုပ်ငန်းအစီရင်ခံစာကို အသင်းစုအတွင်းရေးမှူး ဦးဘညွန့်က လည်းကောင်း၊ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းကို မြို့နယ်သမဝါယမဦးစီးဌာနမှ ဌာနခွဲစာရေး ဦးသန်းဝင်းဦး ကလည်းကောင်း ဖတ်ကြားတင်သွင်းခဲ့ကြသည်။
- ထို့နောက် မြို့နယ် သမဝါယမအသင်းစုမှ မြို့နယ်သမဝါယမဦးစီးဌာနသို့ လှူဒါန်းသည့် ငွေကျပ် ၅၁၄၀၀၀ တန်ဖိုးရှိ ကွန်ပျူတာတစ်လုံးကို အသင်းစုဥက္ကဋ္ဌ ဦးထွန်းအောင်ဦးက မြို့နယ်သမဝါယမ ဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးခိုင်ထံပေးအပ်ပြီး အသင်းစုအလုပ်အမှုဆောင်များနှင့် မြို့နယ်အတွင်းရှိ သမဝါယမ အသင်းလီမိတက်များမှ ဒါရိုက်တာအဖွဲ့ဝင်များ၏သားသမီးများအနက် ၂၀၁၇ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သည့် ကျောင်းသားကျောင်းသူ ၁၀ ဦးတို့အား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုများချီးမြှင့်ခဲ့ကြသည်။
- မိုးကောင်းမြို့နယ်တွင် မြို့နယ်သမဝါယမအသင်းစုတစ်သင်းနှင့် သမဝါယမအသင်းလီမိတက် ၇၃ သင်း ရှိပြီး အသင်း ၆၀ ခန့် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပပြီးဖြစ်ကြောင်း၊ ယခုအစည်းအဝေးတွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူတစ်ဦးလျှင် ငွေကျပ်သုံးသောင်းစီနှင့် ဂုဏ်ထူးတစ်သာရရှိလျှင် ကျပ်တစ်သောင်းစီထပ်ဆောင်းဂုဏ်ပြု ချီးမြှင့်ကြောင်း မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးခိုင်က ပြောသည်။


Comments
Post a Comment