ဟိုပင်မြို့ ထိန်နိုင်ဇုံနယ် လူငယ်ဘောလုံးပြိုင်ပွဲကျင်းပ

ဟိုပင်မြို့ ထိန်နိုင်ဇုံနယ် လူငယ်ဘောလုံးပြိုင်ပွဲကျင်းပ

EPN
ဟိုပင် စက်တင်ဘာ ၂၆
  • ကချင်ပြည်နယ် မိုးညှင်းခရိုင် ဟိုပင်မြို့တွင် စက်တင်ဘာ ၂၅ ရက် မွန်းလွှဲ သုံးနာရီအချိန်က ပြည်သူ့ အားကစားပြိုင်ပွဲကွင်း၌် ထိန်နိုင်ဇုံနယ်လူငယ်ဘောလုံးပြိုင်ပွဲတွင် အသင်းရှစ်သင်းပါဝင်ကာ ကွင်းဖွင့် အခမ်းအနားပြုလုပ်ပြီး ဟိုပင်အသင်းနှင့် နန့်ဟိုင်အသင်းတို့ စတင်ယှဉ်ပြိုင်ကစားကြကြောင်း သိရသည်။
  • ၎င်းပြိုင်ပွဲတွင် ထိန်နိုင်ဇုံနယ်မှ မိုးညှင်း၊ မိုးကောင်း၊ ဟိုပင်၊ မရမ်း၊ နန်းမ္မတီး၊ လမ်းဆုံ၊ နန့်ဟိုင်၊ မိုးကောင်း အနောက်ခြမ်းအသင်းတို့ ပါဝင်ယှဉ်ပြိုင်ကစားကြပြီး ၎င်းအသင်းရှစ်သင်းကို အုပ်စုနှစ်ခုခွဲကာ ၂၅ - ၉ - ၂၀၁၇ မှ ၁၄ - ၁၀ - ၂၀၁၇ အထိ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း ဘောလုံးပွဲဖြစ်မြောက်ရေးကော်မတီ မှ သိရသည်။
  • "ထိန်နိုင်ဇုံနယ်အတွင်းရှိ လူငယ်များ ဘောလုံးအားကစားထူးချွန်လာစေရန်နှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်အဓိကထားပြီး ထိန်နိုင်နယ်ဇုံအတွင်းရှိ လူငယ်များလမ်းမှားမရောက်စေရန်အတွက် တန်ဖိုးရှိလှသင့်ဘ၀၊ မူးယစ်ကင်းစင် ကျန်းမာမှ အသိအမြင်မှန်ရစေရန်၊ လူငယ်လူရွယ်များ ဘောလုံးဝါသနာရှင်အားကစားသမားများအတွက် ရည်ရွယ်ပြီးစတင်ကျင်းပကြောင်း" ဘောလုံး ပွဲဖြစ်မြောက်ရေးကော်မတီမှ ဆရာဇော်လှိုင်ကပြောသည်။
  • အဆိုပါ ဘောလုံးကွင်းဖွင့်ပြိုင်ပွဲသို့ ထိန်နိုင်ဇုံနယ်မှ မိုးညှင်း၊ မိုးကောင်း၊ ဟိုပင်၊ မရမ်း၊ နန်းမ္မတီး၊ လမ်းဆုံ၊ နန့်ဟိုင်၊ မိုးကောင်းအနောက်ခြမ်းအသင်းတို့ နှင့် အားကစားဝါသနာရှင် စုစုပေါင်း ၅၀၀ ကျော်လာရောက်အားပေးခဲ့ကြောင်း သိရသည်။
                                                          ရီမိုးစက်




Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ