ဗန်းမော်မြို့တွင် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားဘောလုံးဗိုလ်လု ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲ ကျင်းပ

ဗန်းမော်မြို့တွင် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားဘောလုံးဗိုလ်လု ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲ ကျင်းပ

EPN
ဗန်းမော်၊ စက်တင်ဘာ ၁၃
  • ကချင်ပြည်နယ် ဗန်းမော်မြို့တွင် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌ ဖလား ကျေးရွာအုပ်စုပေါင်းစုံ အမျိုးသား ဘောလုံးဗိုလ်လုပွဲပြိုင်ပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲကို စက်တင်ဘာ၁၂ ရက်နေ့  ညနေ ၃ နာရီက ခရိုင်အားကစားကွင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။
  • အဆိုပါဘောလုံးပြိုင်ပွဲကို ဗန်းမော်မြို့နယ်ရှိ ကျေးရွာမျးမှာ အသင်း (၁၆)သင်းဖြင့် သြဂုတ်လ ၁၂ရက်နေ့မှ စတင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ယင်းပြိုင်ပွဲကို နှစ်စဉ်ပြုလုပ်လျက်ရှိကြောင်းသိရသည်။
  • ဗိုလ်လုပွဲတွင် စင့်ကင်ကျေးရွာ အသင်းနှင်ဖန်းခါးကုန်းအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ဖန်ခါးကုန်း အသင်းက နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဆက်လက်၍ ဆုပေးပွဲ အခမ်းအနားကို ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အားကစားနှင့် ကာယပညာ ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ် ရဲတပ်ဖွဲ့မှူးတို့က ရှေ့တန်း အကောင်းဆုံးဆု၊ အလယ်တန်း အကောင်းဆုံးဆု၊ နောက်တန်းအကောင်းဆုံးဆု၊ ပွဲစဉ်တလျောက် အကောင်းဆုံးဘောလုံးသမားဆု၊ အကောင်းဆုံး ဂိုးသမား ဆုများနှင့် ဒုတိယဆုရစင့်ကင် ဘောလုံးအသင်းကို တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေကျပ် သုံးသိန်း၊ ပထမဆုရ  ဖန်းခါးကုန်းဘောလုံးအသင်းကို တစ်ဦးချင်းဆုတံဆိပ်၊ တံခွန်စိုက် ဒိုင်းဆုနှင့် ငွေကျပ် ငါးသိန်း တို့ကို အသီးသီးချီးမြှင့် ပေးအပ်ခဲ့ကြပြီး ညနေ ၅ နာရီ ၃၅  မိနစ်တွင် ဆုပေးပွဲ အခမ်းအနားပြီးဆုံးခဲ့သည်။
  • "မြို့ပြနှင့် ကျေးလက်ဒေသများအတွင်း နေထိုင်လျက်ရှိသော လူငယ်များ မြန်မာ့အားကစား လိုက်စားမှု တိုးတက်စေပြီး မျိုးဆက်သစ်လူငယ် ဘောလုံးသမားများ ပေါ်ထွန်းစေရန် ရည်ရွယ်၍ ကျေးရွာ အုပ်စု အမျိုးသားဘောလုံး ပြိုင်ပွဲကိုကျင်းပရခြင်းဖြစ်တယ်" ဟု မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီး ဌာန မြို့နယ်ဦးစီး အရာရှိ ဦးဇော်မင်းလတ်က ပြောသည်။
  • ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသိန်း လွင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်  ဦးဇော်သင်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွေးမြင့်၊ ခရိုင် ရဲတပ်ဖွဲမှူး ဒုတိယရဲမှူးကြီး အေးသွင်၊ မြို့နယ်အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်လှိုင်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ အားကစားသမားများ၊ ဘောလုံးဝါသနာရှင်များ တက်ရောက် အားပေးခဲ့ကြသည်။
                                                     ဗန်းမော်သုခမိန်

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ