မန္တလေး-မြစ်ကြီးနားလမ်းပေါ်ရှိ မရမ်းကျေးရွာအနီးတွင် ရွှေမြစ်ဆုံအမြန်မော်တော်ယာဉ်တိမ်းမှောက်မှုဖြစ်
မန္တလေး-မြစ်ကြီးနားလမ်းပေါ်ရှိ မရမ်းကျေးရွာအနီးတွင် ရွှေမြစ်ဆုံအမြန်မော်တော်ယာဉ်တိမ်းမှောက်မှုဖြစ်
EPN
မိုးကောင်း၊ စက်တင်ဘာ ၁၉
- မန္တလေး-မြစ်ကြီးနားလမ်း မရမ်းကျေးရွာအနီးတွင် ရွှေမြစ်ဆုံအမြန် ယာဉ်တစ်စီး တိမ်းမှောက် ခဲ့ကြောင်း သိရသည်။
- ဖြစ်စဉ်မှာ စက်တင်ဘာ ၁၉ရက် ညနေ၄နာရီခွဲခန့်က မန္တလေး-မြစ်ကြီးနားလမ်းအတိုင်း မြစ်ကြီးနား ဘက်မှ မောင်းနှင်လာသော ရွှေမြစ်ဆုံအမြန်ယာဉ်YGN(DK/6964)သည် မရမ်းကျေးရွာအနီး မိုင်တိုင် အမှတ် KM/426သို့ အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ ကမ္ဘာကျော် ဆိုင်ကယ်ပြင်ဆိုင်အတွင်း ဝင်ရောက် ကာ သုံးဘီးဆိုင်ကယ်တစ်စီးနှင့် ဆိုင်ကယ်သုံးစီးကို တိုက်မိပြီး တိမ်းမှောက် သွားခြင်းဖြစ်ကြောင်း သိရသည်။
- "ယာဉ်မောင်းကတော့ လောလောဆည်ထွက်ပြေးသွားတယ်။ ယာဉ်တိမ်းမှောက်တဲ့နေရာကို လွှတ်တော်ကိုယ်စားလှယ်တွေ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်ရဲမှူးတွေလာရောက်ပြီး စီစဉ်ညွန်ကြား နေပါတယ်။ ယာဉ်ကိုတော့မနက်မှ ထောင်ဖြစ်ပါမယ်။ 11KVကြိုးကလဲ တိမ်းမှောက်တဲ့နေရာရဲ့အပေါ် တည့်တည့်မှာရှိနေတော့ မြင်မြင်ထင်ထင်မှထောင်ဖြစ်မှာပါ " ဟု ကယ်ဆယ်ရေးသွားရောက်ခဲ့သည့် မီးသတ်တပ်ဖွဲ့မှ ဒုဦးစီးမှူး ချမ်းငြိမ်းသူက ပြောသည်။
- ယာဉ်ပေါ်တွင် အမျိုးသားခရီးသည်(၄)ဦးနှင့် ယာဉ်မောင်းယာဉ်နောက်လိုက် စုစုပေါင်း(၆)ဦးသာ ပါရှိပြီး ယာဉ်ပေါ်ပါသူများ ထိခိုက်ဒါဏ်ရာရရှိမှုမရှိဘဲ ဆိုင်ကယ်ပြင်ဆိုင်အတွင်းရှိ လူ(၃)ဦးကိုထိခိုက်မိခဲ့ပြီး တစ်ဦးမှာ စိုးရိမ်ရကြောင်းသိရသည်။




Comments
Post a Comment