ပန်ဝါမြို့တွင် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အကြိုဟောပြောပွဲအခမ်းအနားကျင်းပ
ပန်ဝါမြို့တွင် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အကြိုဟောပြောပွဲအခမ်းအနားကျင်းပ
EPN
ပန်ဝါမြို့၊ စက်တင်ဘာ ၁၂
- ကချင်ပြည်နယ် ချီဖွေမြို့နယ် ပန်ဝါမြို့ အမှတ်(၃)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း စိမ်းလဲ့ရတနာခန်းမတွင် စက်တင်ဘာလ ၁၃ရက်နေ့တွင် ရောက်မည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အကြိုဟောပြောပွဲအခမ်းအနားကို စက်တင်ဘာလ ၁၂ရက်နေ့ ၁၂နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။
- အဆိုပါအခမ်းအနားတွင် ပန်ဝါအုပ်ချုပ်ရေးမှူး ဦးရဲဝင်းထွဋ်မှ အဖွင့်အမှာစကား ပြောကြားခဲ့ကာ ပန်ဝါမြို့နယ် စခန်းမှူးရဲအုပ်အောင်ဇော်ဝင်း၊ လ ၀ က ဦးစီးမှူး ဦးတင်ထွဋ်၊ အခြေခံပညာအထက်တန်း ကျောင်း မှ အထက်တန်းပြ ဒေါ်တင်တင်လှတို့မှ လူကုန်ကူးမှုဆိုင်ရာ ဗဟုသုတများနှင့် အသိပညာပေးများ ဟောပြောခဲ့ကြပြီး လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲတါင် ဆုရရှိသူများအား ဆုများ ချီးမြှင်ခဲ့သည်။
- အခမ်းအနားသို့ ပန်ဝါအုပ်ချုပ်ရေးမှူး ဦးရဲဝင်းထွဋ်နှင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ၊ အဖွဲ့ဝင်များ ကျောင်းအုပ်ဆရာကြီး ဦးညွန့်ဝေနှင့် ဆရာ/ဆရာမများ၊ ကျောင်းသူ/သားများ စုစုပေါင်း အင်အား (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။



Comments
Post a Comment