မိုးကောင်းမြို့တွင် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခွင့်လျှောက်ထားဆဲ ရေသန့်စက်ရုံများကိုစစ်ဆေး

မိုးကောင်းမြို့တွင် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခွင့်လျှောက်ထားဆဲ ရေသန့်စက်ရုံများကိုစစ်ဆေး

EPN
မိုးကောင်း၊ စက်တင်ဘာ ၁၅
  • ကချင်ပြည်နယ် မိုးကောင်းမြို့နယ်ရှိ ရေသန့်စက်ရုံများတွင် ကျန်းမာရေးနှင့် ညီညွတ်စွာ ထုတ်လုပ်ခြင်းရှိမရှိအတွက် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခွင့်လျှောက်ထားဆဲ ရေသန့်စက်ရုံများကို စက်တင်ဘာ ၁၅ရက် နေ့လည်တစ်နာရီခွဲက စစ်ဆေးခဲ့ကြောင်းသိရသည်။
  • "လိုင်စင်ကျပြီးသားရေသန့်စက်ရုံတွေကိုတော့ခရိုင်စားသုံးသူအဖွဲ့က ဟိုတစ်လောက လာရောက် စစ်ပြီးသွားပြီ။ လျှောက်ထားဆဲရေသန့်စက်ရုံ(၂)ခုကိုတော့ စားသုံးသူတွေအန္တရာယ်မဖြစ်အောင် ဘယ်လိုထုတ်လုပ်နေလဲဆိုတာ မြို့နယ်အဖွဲ့အနေနဲ့ လာစစ်ဆေးပြီး တွေ့ရှိချက်တွေကို ခရိုင်ကို ပြန်တင်ပြဖို့ပါ " ဟု မြို့နယ် အုပ်ချုပ်ရေးမှူးမှပြောသည်။
  • စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့အနေဖြင့် စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်နှင့် အငြင်းပွားမှုဆိုင်ရာကိစ္စများ ဖြေရှင်းနိုင်ရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်း၊ မြို့နယ်ရဲမှူး ဝင်းမြင့်အောင်ဦးစီး၍ ကျန်းမာရေး၊ မြို့နယ်မီးသတ်၊ စည်ပင်သာယာ၊ အခွန်ဦးစီးစီမံကိန်းဌာန၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သောပူးပေါင်းအဖွဲ့သည် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခွင့်လျှောက်ထားဆဲ အိုးတန်းရပ်ရှိ Jade Flowerနှင့် ဈေးကုန်းရပ်ရှိ Golden Skyရေသန့်စက်ရုံ(၂)ရုံကို ကျန်းမာရေးနှင့် ညီညွတ်စွာ ထုတ်လုပ် ဖြန့်ဖြူးခြင်းရှိမရှိသွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။
                                                          ချိုမောင်







Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ