မိုးညှင်းဒီဂရီကောလိပ်ကျောင်းဝင်းမြေအား လွှတ်တော်ကိုယ်စားလှယ်များက ကွင်းဆင်းစစ်ဆေး

မိုးညှင်းဒီဂရီကောလိပ်ကျောင်းဝင်းမြေအား လွှတ်တော်ကိုယ်စားလှယ်များက ကွင်းဆင်းစစ်ဆေး

EPN
မိုးညှင်း၊ စက်တင်ဘာ ၂၇
  • မိုးညှင်းဒီဂရီကောလိပ်ကျောင်း ခြံဝင်းမြေကို ထန်းတပင်ကျးရွာမှ ဘိုင်းဖွားပိုင်မြေဟုဆိုကာ အချင်း များသည့် ကိစ္စကို တာဝန်ရှိသူများက(၈)ကြိမ်ခန့် တိုင်းတာခဲ့ပြီးဖြေရှင်းထားခဲ့သဖြင့် လွှတ်တော်မှပြန်လည် ဖြေကြားထားပြီးဖြစ်သော်လည်း မြေပြင်အခြေအနေကို ထင်ရှားစွာသိရှိစေရန်အတွက် လွှတ်တော်ကိုယ်စား လှယ်များနှင့်အဖွဲ့က စက်တင်ဘာ၂၆ရက်နေ့ မနက်၈နာရီခွဲတွင် နောက်ဆုံးအကြိမ် ပြန်လည်ကွင်းဆင်း စစ်ဆေးတိုင်းထွာခဲ့ကြကြောင်း သိရသည်။
  • အဆိုပါ ကျောင်းမြေနေရာအား မိုးညှင်းမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ ဇွန်လ၂၅ရက်နေ့  လွှတ်တော်မေးခွန်းတွင် မိုးညှင်းဒီဂရီကောလိပ်ကျောင်းမြေနေရာအား ပြန်လည်တိုင်းတာပေးမှုရှိမရှိ ဆိုသည့် မေးခွန်းမေးခဲ့သည့်အပေါ် ပြန်လည်ဖြေရှင်းပေသည့်အနေနှင့် တာဝန်ရှိသူများက တိုင်းထွာပေးခဲ့ ကြကြောင်းသိရသည်။
  • မိုးညှင်းဒီဂရီကောလိပ်ကျောင်းမှ ပိုင်ဆိုင်သောကျောင်းမြေအား ထန်းတပင်ကျေးရွာ ရွာသားများက ပြန်လည်ရလိုကြသဖြင့် တာဝန်ရှိသူများနှင့် အချင်းများခဲ့ကြခြင်း အပေါ်လွှတ်တော်မှ တာဝန်ရှိသူ၏ ဖြေကြားချက်ကို ရှင်းလင်းစေခြင်းအလို့ငှာ ပြန်လည်တိုင်းထွာခဲ့ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စမ်းစမ်းအိက ပြောသည်။
  • “ကျမက ဒီက မြေကိစ္စအငြင်းပွားမှုအပေါ် လွှတ်တော်ထဲမှာ မေးမြန်းခဲ့ပါတယ် ရွာသားတွေက ကျောင်းပိုင်မြေကို ရွာသားတွေကရယူချင်လို့အငြင်းပွားရာကနေ ပြဿနာဖြစ်ကြတာလို့ပြန်ဖြေခဲ့ပါတယ် ကျမအနေနဲ့ ဒီမြေကိစ္စပိုင်ဆိုင်ခြင်းကို  ရှင်းရှင်လင်းလင်းဖြစ်စေချင်လို့ ပြန်လည်တိုင်းထွာခဲ့တာပါ” ဟု ဒေါ်စမ်းစမ်းအိကပြောသည်။
  • ဆက်လက်၍ “အခုဒီ ကျောင်းဝင်းအတွင်းမှာ ရှိနေတဲ့လူနေအိမ်ခြေများကိုလည်း တရားဝင်ဖြစ် အောင်ရှင်းလင်းဖို့ ကိစ္စရပ်များအား ဆက်လက်ဆောင်ရွက်သွားရမှာမို့ တရားဝင်တိုင်းထွာခဲ့ကြတာပါ တိုင်ထွာပြီးရင် ရွာသူ ရွာသားတွေရဲ့ ဖြစ်နေတဲ့ပြဿနာအခက်အခဲတွေကို အပြေလည်ဆုံး ဖြေရှင်းမယ် ဆိုတဲ့ ရည်ရွယ်ခဲ့တာပါ” ဟု ရှင်းပြသည်။
  • အဆိုပါ ကျောင်းဝင်း၏ ပိုင်ဆိုင်သော မြေမှာ ဧက(၂၁၀)ရှိ နေခဲ့သော်လည်း  ယခုတိုင်းထွာခဲ့ကြ ရာတွင် ကျောင်း၏ပိုင်ဆိုင်မှုမြေမှာ (၆)ဧကခန့် လိုနေအပ်သေးကြောင်းနှင့် ကျောင်း၏အနောက်ဘက်တွင် ရွာသစ်ကုန်းကျေးရွာနှင့် ထန်းတပင်ကျေးရွာသို့ သွားလာနိုင်ရန်အတွက် ယခင်ကျောင်းအုပ်ကြီး ဒေါက်တာ ကြည်ရွှင်က လမ်းမြေနေရာကို စွန့်လွှတ်ပေးအပ်ခဲ့သေးကြောင်း သိရသည်။
  • အဆိုပါ တိုင်းထွာမှုကို မိုးညှင်း မြို့နယ်ကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စမ်းစန်းအိ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမင်းဆွေနိုင်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတင်အေးတို့က ဦးဆောင်ကာ မိုးညှင်းဒီဂရီကောလိပ်ကျောင်းအုပ်ဆရာကြီး ဒေါက်တာကျော်ထွန်းနှင့် အုပ်ချုပ်ရေးအဖွဲ့များက အဖွဲ့(၃)ဖွဲ့ခွဲပြီး ကျောင်း၏ဘေးပတ်လည်တို့ကို RTK GPS နှင့် Manual မြေပြင် ကွင်းဆင်းတိုင်းတာခြင်း နှစ်မျိုးစလုံးဖြင့် ကွင်းဆင်းတိုင်းတာတွက်ချက်ခဲ့ကြကြောင်းသိရသည်။
                                                           သူရ





Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ