ကချင်ပြည်နယ်၏ တစ်ရက်အနည်းဆုံး လုပ်ခ အခကြေးငွေကို ၄၅၀၀သတ်မှတ်၍ အမျိုးသား ကော်မတီထံသို့ အဆိုပြုတင်သွင်းထားကြောင်း

ကချင်ပြည်နယ်၏ တစ်ရက်အနည်းဆုံး လုပ်ခ အခကြေးငွေကို ၄၅၀၀သတ်မှတ်၍ အမျိုးသား ကော်မတီထံသို့ အဆိုပြုတင်သွင်းထားကြောင်း

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၂၈
  • ကချင်ပြည်နယ်၏ တစ်ရက်အနည်းဆုံး လုပ်ခ အခကြေးငွေကို ၄၅၀၀သတ်မှတ်၍ အမျိုးသား ကော်မတီထံသို့ အဆိုပြုတင်သွင်းထားကြောင်း အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးလှထွန်းကပြောသည်။
  • “ခရိုင်၃ခုက အဆိုပြု ဆွေးနွေးတဲ့ နှုန်းထားအပေါ်မှာ ကချင်ပြည်နယ် တစ်ခုလုံး အနေနဲ့ အနဲဆုံး အခကြေးငွေကို ၄၅၀၀ သတ်မှတ်ပြီး တင်လိုက်တာပါ အမျိုးသား ကော်မတီက အနဲဆုံး အခကြေးငွေကို ဘယ်လောက်ပြန်သတ်မှတ်မလဲတော့ မသိသေးဘူး” ဟု ၎င်းကပြောသည်။
  • မြစ်ကြီးနားခရိုင် ဗန်းမော်ခရိုင် မိုးညှင်းခရိုင်များမှ အလုပ်ရှင် အလုပ်သမားနှင့် ဌာနဆိုင်ရာ သုံးပွင့်ဆိုင် အဆိုပြု ဆွေးနွေးချက်များမှ ရရှိသော နှုန်းထားများကို ကချင်ပြည်နယ်၏ လမ်းပန်း ဆက်သွယ်ရေး လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွန့် ဥက္ကဋ္ဌအဖြစ် ပါရှိသော အနည်းဆုံး အခကြေး ငွေ သတ်မှတ်ရေးဆိုင်ရာ ပြည်နယ်ကော်မတီဝင်များ၏ ဆုံးဖြတ်ချက်အရ ၄၅၀၀ သတ်မှတ်၍ ပြည်နယ်နှင့် တိုင်းအသီးသီးက တင်ပြကြမည့် အမျိုးသားကော်မတီထံသို့ စက်တင်ဘာလ အတွင်းက တင်ပြခဲ့ကြောင်း သိရသည်။
  • အချို့သော အလုပ်ရှင်များသည် လူတစ်ဦး၏ အနဲဆုံး လုပ်ခလစာ တစ်ရက်လျှင် ၃၆၀၀ကျပ်ကို အပြည့်အဝ မပေးနေသည့် ဆိုင်များလည်း ရှိနေကြောင်း မြစ်ကြီးနားမြို့ဒေသခံများအကြား ပြောဆိုမှု မြင့်တက်လျှက်ရှိသည်။
  • ဗန်းမော်ခရိုင်တွင် သြဂုတ်လ ၁၆ရက်တွင် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးကြရာ လူတစ်ဦးကို တစ်ရက်လျှင် အနဲဆုံး လုပ်ခကို ၂၀၁၅ခုနှစ်က သတ်မှတ်ထားသည့် နှုန်းထား၃၆၀၀ သာဆွေးနွေးသွားပြီး ၂၀၁၇ခုနှစ်၊ သြဂုတ် ၂၄ရက်က မြစ်ကြီးနားခရိုင်တွင် ဆွေးနွေးစဉ် အနဲဆုံး  လုပ်ခလစာကို ၄၅၀၀နှင့် ၅၀၀၀ အကြား ဆွေးနွေးကြပြီး  စက်တင်ဘာ ၁ရက်နေ့တွင် မိုးညှင်းမြို့၌ ဆွေးနွေးစဉ် ၄၀၀၀နှင့်၄၅၀၀ အဆိုပြု ဆွေးနွေးခဲ့ကြသည်။
                                                               မီးမီး

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ