စစ်ရှောင်စခန်းမှ လူငယ်များအတွက် ဖွင့်လှစ်ပေးသော မိုဘိုင်းဖုန်းပြုပြင်ရေး သင်တန်းဆင်းပွဲကို အိမ်တွင်းမှုကျောင်းတွင် ပြုလုပ်

စစ်ရှောင်စခန်းမှ လူငယ်များအတွက် ဖွင့်လှစ်ပေးသော မိုဘိုင်းဖုန်းပြုပြင်ရေး သင်တန်းဆင်းပွဲကို အိမ်တွင်းမှုကျောင်းတွင် ပြုလုပ်

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၁၄
  • ကချင်ပြည်နယ် မြစ်ကြီးနားတွင် စစ်ရှောင်စခန်းမှ လူငယ်များအတွက် ဖွင့်လှစ်ပေးသော မိုဘိုင်းဖုန်း ပြုပြင်ရေး သင်တန်းဆင်းပွဲကို အိမ်တွင်းမှုကျောင်းတွင် ပြုလုပ်ခဲ့ပြီး ယခုသင်တန်းကို ၁၉ရက် ၆လ ၂၀၁၇ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ပြီး ၁၁ရက် ၉လ ၂၀၁၇ခုနှစ်တွင် ပြီးဆုံးခဲ့ကာ စက်တင်ဘာလ ၁၄ရက်မှသာ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
  • သင်တန်းအမှတ်စဉ် (၂/၂၀၁၇) မိုဘိုင်းဖုန်းပြုပြင်ရေးသင်တန်း မြစ်ကြီးနား မိုဘိုင်းဖုန်းပြုပြင်ရေး စင်တာမှ စစ်ရှောင်စခန်းမှ လူငယ်မောင်မယ်များကို နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၏ထောက်ပံ့ မှုဖြင့် လူ၊ကယ်ပြန်နှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်သည် ဟု သိရသည်။
  • အဆိုပါ အခမ်းအနားတွင် သင်တန်း၌ ထူးချွန်သော သင်တန်းသူ/သားများကို ဆုချီးမြှင့်ရာ ပထမဆုကို မောင်မုန်ထောင်လ၊ ဒုတိယဆုကို မရွယ်တောင်၊ တတိယဆုကို မောင်ဆန်အောင်လီတို့က အသီးသီးရရှိခဲ့ကြသည်။
  • အဆိုပါ သင်တန်းဆင်းပွဲတွင် ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားရာ၌ "အခုလို အသက်မွေးဝမ်းကြောင်း လက်မှုပညာကို အခကြေးငွေမယူပဲ သင်ကြားနိုင်အောင် စီစဉ်ပေးကြတဲ့ တာဝန်ရှိ သူအားလုံးနဲ့ နိုင်ငံတော် အတိုင်ပင်ခံရုံးက တာဝန်ရှိသူများ လူမှုရေးဝန်ကြီးနဲ့ ဝန်ကြီးချုပ်ရဲ့ဇနီးနဲ့ တာဝန်ရှိသူများအားလုံးကိုအထူးကျေးဇူးတင်ပါတယ်။ ကျနော်တို့ စစ်ရှောင်စခန်းက လူငယ်တွေကို သီးခံ စိတ်ရှည်စွာနဲ့ သင်ကြားပေးတဲ့ ဆရာတွေကိုလည်းကျေးဇူးတင်ပါတယ်။ ကျနော်တို့တွေ အခုတော့ အတတ် ပညာတတ်ပြီဆိုတော့ ဒီပညာနဲ့အသက်မွေးနိုင်လို့ ပြောမပြတတ်အောင်ပါပဲ ကျေးဇူးတင်ပါတယ်” ဟု မောင်ဆန်အောင်လီ ကပြောသည်။
  • လူမှုဝန်ကြီးနှင့် ဝန်ကြီးချုပ်၏ဇနီးနှင့် ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်စိုး တက်ရောက်ခဲ့ကြပြီး အဆိုပါသင်တန်းမှာ မိုဘိုင်းနှင့် ပတ်သက်သော ၂ ကြိမ်မြောက်သင်တန်းဖြစ်ပြီး ကျား ၁၃ဦးနှင့် မ ၁ ဦးတက်ရောက်ခဲ့ကြကြောင်းသိရသည်။
                                                        ဘရန်ဆိုင်း



Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ