ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် စက်တင်ဘာ ၇ ရက်နေ့ နံနက် ၆ နာရီခန့်က မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရ

                                   ဗန်းမော်မြို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
EPN
ဗန်းမော်၊ စက်တင်ဘာ ၈
  • ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် စက်တင်ဘာ ၇ ရက်နေ့ နံနက် ၆ နာရီခန့်က မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
  • မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၁) ဗန်းမော်မှ ရဲအုပ်ခါးလီနှင့်အဖွဲ့သည် ဗန်းမော်မြို့နယ်၊ မလူလာကျေးရွာနေ သိန်းအောင် ဆိုသူ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေခဲ့ကြရာ ဆောက်လုပ်ဆဲ နေအိမ်အောက်ထပ်ရှိ ဖွဲအိတ်အောက် သိုဝှက်သိမ်း ဆည်းထားသည့် အမည်းရောင်ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသော ဘိန်းဖြူမှုန့်အလေးချိန်(၁၅)ဂရမ်ပါ အနီရောင် ဆပ်ပြာခွက်(၁)ခွက်၊ ဘိန်းဖြူမှုန့်အလေးချိန် (၂ ဒသမ ၁)ဂရမ်ပါ အဖြူရောင်ကော်ဗူး(၃)ဗူးတွေ့ရှိ ရသဖြင့် သိန်းအောင်(ခ)မာဆေး (၄၂)နှစ် မလူလာ ကျေးရွာ နေထိုင်သူအား မြို့မရဲစခန်းက မယ(ပ)၁၁၇/ ၂၀၁၇ မူးစိတ်ပုဒ်မ ၁၅/၁၉(က)ဖြင့် အမှုဖွင့်၍ စစ်ဆေးအရေးယူဆောင်ရွက်လျှက်ရှိသည်။
  • ဆက်လက်၍ ရဲအုပ်ခါးလီနှင့်အဖွဲ့ သည်  မလူလာကျေးရွာနေ ဝင်းမြင့် ၏နေအိမ်သို့ဆက်လက်ရှာဖွေကြရာ မီးဖိုချောင်ထုပ်တန်း ဝါးလုံးခေါင်းအတွင်းမှ ဘိန်းဖြူမှုန့်အလေးချိန်(၀ ဒသမ ၄)ဂရမ်ပါ အဖြူရောင်ကော်ဗူး(၁)ဗူး တွေ့ရှိရ၍ ဝင်းမြင့်(ခ)အိုက်မြို့(၄၄)နှစ်အား မြို့မရဲစခန်းက မယ(ပ)၁၁၈/၂၀၁၇မူးစိတ်ပုဒ်မ ၁၅/၁၆(ဂ)အရအမှုဖွင့်၍ အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
  • “လူငယ်အများအပြားမှာ မူးယစ်ဆေးဝါးသုံးစွဲနေကြတယ်။ ပစ္စည်းခိုးမှု။ ဆိုင်ကယ် ခိုးမှုတွေလဲ ပေါ လာတယ်။ မူးယစ်ဆေးဝါးရောင်းချသူများကိုလည်း ဖမ်းဆီးသင့်တယ်။ မူးယစ်ဆေးဝါး ရောင်းချသူ။ သုံးစွဲ သူများကို ပြင်းပြင်းထန်ထန်အရေးယူပေးစေလိုတယ်” ဟု မလူလာကျေးရွာနေပြည်သူတစ်ဦးကပြောသည်။
                                                                     ဦးမောင်ရီ

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ