ဘင်္ဂလီအကြမ်းဖက်ဘေးဒဏ်သင့် တိုင်းရင်းသားများအတွက် မိုးညှင်းဒေသရှိ ရခိုင်တိုင်းရင်းသားများက သိန်း ၂၀ နီးပါးကောက်ခံလှူဒါန်း
ဘင်္ဂလီအကြမ်းဖက်ဘေးဒဏ်သင့် တိုင်းရင်းသားများအတွက် မိုးညှင်းဒေသရှိ ရခိုင်တိုင်းရင်းသားများက သိန်း ၂၀ နီးပါးကောက်ခံလှူဒါန်း
EPN
မိုးညှင်း စက်တင်ဘာ ၁၂
- ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဘင်္ဂလီအကြမ်းဖက်သမားများ၏ ရန်ကြောင့် ဒုက္ခရောက်နေ ကြရသည့် တိုင်းရင်းသားပြည်သူများအတွက် ကချင်ပြည်နယ် မိုးညှင်းဒေသရှိ ရခိုင်တိုင်းရင်းသားများကကောက်ခံ ရရှိသည့် အလှူငွေ သိန်း ၂၀ နီးပါးကို အလိုတော်ပြည့်ဆရာတော်ထံ အပ်နှံလှူဒါန်းသွားမည်ဖြစ် ကြောင်း မိုးညှင်းမြို့ရှိ ရခိုင်မျိုးနွယ်အဖွဲ့ထံမှ သိရသည်။
- “ကျွန်မတို့ မိုးညှင်းက အလှူငွေ ၁၈ သိန်း ၂ သောင်း ရပါတယ်။ ဒီငွေတွေကို ဒီလ ၁၀ ရက်နေ့ နေ့လည် ၁၂ နာရီလောက်က ဖားကန့်မြို့နယ် ရခိုင်ရိုးရာ ထိန်းသိမ်းရေး ဥက္ကဋ္ဌ ဦးညီကြီးနဲ့ ဖားကန့်မြို့နယ် ရခိုင်စာပေနှင့် ယဉ်ကျေးမှု ကော်မီတီ ဥက္ကဋ္ဌ ဦးမောင်မောင်တို့လက်ထဲ ထည့်ပေးခဲ့ပါတယ်။ သူတို့ကလည်း ခရီးဆက်ရမယ်ပြောတော့ သူတို့ကို ရုံးအရောက် မခေါ်သွားနိုင်ဘူး။ ကြံ့ခိုင်ရေးရုံးနားမှာရှိတဲ့မကြီးခေါက်ဆွဲ ဆိုင်မှာပဲ ပေးအပ်ခဲ့ရတယ်” ဟု အဖွဲ့ဝင် ဒေါ်မင်းအေးခိုင်က ပြောသည်။
- အလှူငွေများကို မိုးညှင်းဒေသရောက် ရခိုင်တိုင်းရင်းသားများနှင့် မိုးညှင်းမြို့နယ်မှ စေတနာရှင် ပြည်သူများ ဝိုင်းဝန်းထည့်ဝင်ခဲ့ကြပြီး ကချင်ပြည်နယ်မှ ဖားကန့်၊ မိုးညှင်း၊ မြစ်ကြီးနားမြို့တို့မှ ကောက်ခံရရှိသည့် အလှူငွေများကို ဦးညီကြီးနှင့် ဦးမောင်မောင်တို့က ရခိုင်ဒေသရှိ နေရပ်စွန့်ခွာတိုင်းရင်းသားများကို အထောက်အပံ့ပေးနိုင်ရန်အတွက် အလိုတော်ပြည့်ဆရာတော်ဘုရားထံ အပ်နှံလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
- မိုးညှင်းမြို့နယ်အတွင်းတွင် အကြောင်းအမျိုးမျိုးနှင့် ရောက်ရှိနေထိုင်နေကြသည့် ရခိုင်မျိုးနွယ် အိမ်ထောင်စုပေါင်း ၇၀ နှင့် လူဦးရေ ၄၀၀ နီးပါးခန့်ရှိကြောင်း၊ သံတွဲခရိုင် တောင်ကုတ်မြို့ဇာတိသားဖြစ်၍ လွန်ခဲ့သောနှစ် ၅၀ ခန့်ကတည်းက ရခိုင်မြေမှ ထွက်ခွာခဲ့သူ ဦးထွေးသိန်းက ပြောသည်။

Comments
Post a Comment