မိုးကောင်းမြို့လုံးဆိုင်ရာ စတုတ္တအကြိမ်မြောက် လူငယ်ဝတ်ရွတ်ပူဇော်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

မိုးကောင်းမြို့လုံးဆိုင်ရာ စတုတ္တအကြိမ်မြောက် လူငယ်ဝတ်ရွတ်ပူဇော်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

EPN
မိုးကောင်း   စက်တင်ဘာ ၁၆
  • ကချင်ပြည်နယ် မိုးကောင်းမြို့လုံးဆိုင်ရာ စတုတ္တအကြိမ်မြောက် လူငယ်ဝတ်ရွတ်ပူဇော်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို စက်တင်ဘာ ၁၆ရက် မွန်းလွဲ ၁နာရီခွဲခန့်က ဈေးကုန်းရပ်ကွက်ရှိ ပြည်လုံးချမ်းသာ ရွှေသာလျောင်းဘုရားအာရုံခံတန်ဆောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။
  • အခမ်းအနားတွင် မြို့နယ်သံဃနာယကအဖွဲ့အကျိုးတော်ဆောင် မဟာပစ္ဆမာရုံပရိယတ္တိ စာသင် တိုက် ဦးစီးပဓာနနာယက ဆရာတော်ဘဒ္ဒန္တသာသနက သြဝါဒချီးမြှင့်တော်မူပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းက သာသနာရေးဆိုင်ရာများလျှောက်ထားခဲ့သည်။
  • "သာသနာတော် ထွန်းကားပြန့်ပွားရေးကို အထောက်အကူပြုမယ့် ဘာသာရေးခေါင်းဆောင် လောင်းတွေ လေ့ကျင့်မွေးထုတ်ပေးရာကျတဲ့ ဒီပြိုင်ပွဲကို နှစ်စဉ်ကျင်းပပေးသွားမယ်လို့ ကြားသိရတဲ့အတွက် ဝမ်းမြောက်ဝမ်းသာသာဓုခေါ်ပါတယ်" ဟု အခမ်းအနားတက်ရောက်ကြည်ညိုသူများအနက်မှ ဦးသန်းစိုးက ပြောသည်။
  • ထို့နောက် လူငယ်ဝတ်ရွတ်ပူဇော်ပြိုင်ပွဲ ပထမဆုရရှိသည့် ကျွန်းတောရပ်ကွက် လူငယ်ဝတ်ရွတ် အသင်း၊ ဒုတိယဆုရှိသည့် အောင်ရှမ်းစုကျေးရွာ လူငယ်ဝတ်ရွတ်အသင်း၊ တတိယဆုရှိသည့် မြို့ဦး ရပ်ကွက် လူငယ်ဝတ်ရွတ်အသင်းတို့ရရှိခဲ့ကြပြီး တစ်ဦးချင်းအမျှဝေ၊ နတ်ပို့၊ နတ်ပင့်၊ ပန်းတကာ၊ ဘုရားပင့် အကောင်းဆုံးဆုများနှင့် ပြိုင်ပွဲဝင်အသင်းဆုများအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
  • အဆိုပါ လူငယ်ဝတ်ရွတ်ပူဇော်ပွဲကို စက်တင်ဘာ ၁၃ ရက်ကစတင်ပြုလုပ်ခဲ့ပြီး ရပ်ကွက်ကျေးရွာ အသီးသီးမှလူငယ်ဝတ်ရွတ်အသင်း ၁၇ သင်းပါဝင်ပူဇော်ယှဉ်ပြိုင်ခဲ့ကြကြောင်း သတင်းရရှိသည်။
                                              ဦးဝင်းအောင်(မိုးကောင်း)

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ