မြန်မာနိုင်ငံအဏုအာဟာရနှင့် အစာ စားသုံးမှုအခြေအနေ လေ့လာရေးစစ်တမ်းပြည်နယ်အဆင့် အသိပညာပေးဆွေးနွေးပွဲအခမ်းအနားကျင်းပပြုလုပ်

မြန်မာနိုင်ငံအဏုအာဟာရနှင့် အစာ စားသုံးမှုအခြေအနေ လေ့လာရေးစစ်တမ်းပြည်နယ်အဆင့် အသိပညာပေးဆွေးနွေးပွဲအခမ်းအနားကျင်းပပြုလုပ်
EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၇
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော မြန်မာနိုင်ငံ အဏုအာဟာရနှင့် အစာ စားသုံးမှုအခြေအနေလေ့လာရေး စစ်တမ်းပြည်နယ်အဆင့် အသိ ပညာပေးညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမတွင် စက်တင်ဘာလ ၇ရက်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်မှ ဤစစ်တမ်းကို နေပြည် တော် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန အမျိုးသားအာဟာရ ဖွံ့ဖြိုးရေး နှင့် သုတေသနဌာနခွဲ (National Nutrition Centre)ကနေ အဓိကတာဝန်ယူဆောင်ရွက်နေပြီး အာဟာရ ချို့တဲ့ခြင်းနှင့် အာဟာရလွန်ကဲခြင်းပြဿနာတွေကို ထိရောက်စွာကာကွယ်ကုသနိုင်မဲ့ စီမံချက်တွေကို မွမ်းမံပြင်ဆင်ရေးဆွဲနိုင်ဖို့ ပြည်သူလူထုရဲ့အာဟာရအခြေအနေကို ထိရောက်စွာမြှင့်တင်နိုင်ရေး အစာ စားသုံးမှုအခြေအနေတွေကို သိရှိနိုင်ဖို့ ရည်ရွယ်ချက်များနဲ့ ဆောင်ရွက်နေတာဖြစ်ကြောင်း အဖွင့်မိန့်ခွန်း တွင် ထည့်သွင်းပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ်းဦးစီးမှူး ဒေါက်တာ တင်တင်ညှိက မြန်မာနိုင်ငံအဏုအာဟာရနှင့် အစာစားသုံးမှုအခြေအနေလေ့လာရေး စစ်တမ်းကောက်ယူ ခြင်းနှင့် ပါတ်သက်၍လုပ်ငန်းစဉ်များ အကြောင်းကိုရှင်းလင်းဟောပြောဆွေးနွေးခဲ့ပြီး ကချင်ပြည်နယ် ပြည်နယ်ကြက်ခြေနီကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌဦးဂဲနက်စ်မှ မြို့နယ်ကျေးရွာ ရပ်ကွက်အုပ်ချုပ်ရေးမှူး များနှင့် လုပ်ငန်းစဉ်များအကြောင်းအား ဆွေးနွေးညှိနှိုင်းခဲ့ကြောင်းသိရသည်။
အခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့ဝန်လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်ပြည်နယ် သုတေသန ဦးဆောင်ကော်မတီဝင်များ၊ မြို့နယ်ကျေးရွာရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့အင်အားဦးစီးဌာနနှင့် မွေးမြူရေးနှင့် ကုသရေးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များမိခင်နှင့် ကလေးအမျိုးသမီးရေးရာအဖွဲ့များINGOs  NGO အဖွဲ့အစည်များတက်ရောက်ခဲ့ကြောင်းသိရသည်။
အညာသား




Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ