ရေမြောင်းအတွင်းမှ မပေါက်ကွဲသေးသော လေယာဉ်တင်ဗုံးသီးတစ်လုံးတွေ့
ရေမြောင်းအတွင်းမှ မပေါက်ကွဲသေးသော လေယာဉ်တင်ဗုံးသီးတစ်လုံးတွေ့
EPN
ဟိုပင်၊ စက်တင်ဘာ ၁၃
- ကချင်ပြည်နယ် ဟိုပင်မြို့မြောက်ဘက်ရှိ သရက်ချောင်းအတွင်းမှ လေယာဉ်တင် ဗုံးသီးအဟောင်း တစ်လုံး တွေ့ရှိခဲ့ကြောင်း ဟိုပင်မြို့နယ်မြေရဲစခန်းမှ သတင်းရရှိသည်။
- ဖြစ်စဉ်မှာ စက်တင်ဘာ ၁၂ ရက်၊နံနက် ၇ နာရီခန့်က သရက်ချောင်းသံလမ်းတံတား၏ အောက်ဘက် ကိုက် ၅၀ ခန့်အကွာတွင် ဗုံးသီးဟုယူဆရသော အရာတစ်ခု တွေ့ရှိရကြောင်း ငါးရှာနေသော လူငယ်များမှ မြို့မမြောက်ရပ်ကွက်အုပ်ချုပ်မှူးထံ အကြောင်းကြားလာသဖြင့် နယ်မြေစခန်းမှတာဝန် ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များသည် ခမရ (၄၀)မှ ဗိုလ်မှူး သက်ထူးစံ ဦးစီးသည့် တပ်ဖွဲ့ဝင်များနှင့်အတူ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။
- ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ ရေမြောင်းအတွင်းမှ အရှည် လေးပေခန့်၊ လုံးပတ် သုံးပေခန့်နှင့် ပေါင် ၁၀၀၀ ခန့်ရှိ ရေတိုက်စားထားသော လေယာဉ်တင် ဗုံးသီးအဟောင်းတစ်လုံး ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း နယ်မြေရဲစခန်းမှ သိရသည်။
- ဗုံးသီးတွေ့ရှိရာနေရာသို့ အများပြည်သူများ လာရောက်ခြင်းမရှိစေရန်အတွက် ဟိုပင်နယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပူးပေါင်း စောင့်ကြပ်ကာ အဆိုပါ ပေါက်ကွဲမှု မရှိသေးသော ဗုံးသီးအဟောင်းကို အများပြည်သူအန္တရာယ်မဖြစ်စေရေးအတွက် အမြန်ဆုံးရှင်းလင်းနိုင်ရန် ဗိုလ်မှူးသက်ထူးစံမှ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း(မြစ်ကြီးနား)မှ မိုင်းရှင်းလင်းရေးအဖွဲ့အား အကြောင်း ကြား ဆက်သွယ်ထားကြောင်း ဟိုပင်နယ်မြေရဲစခန်းမှ သတင်းရရှိသည်။


Comments
Post a Comment