ကျန်းမာရေး အသိပညာပေး ဟောပြောပွဲ မြို့သစ်ကြီးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်
ကျန်းမာရေး အသိပညာပေး ဟောပြောပွဲ မြို့သစ်ကြီးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်
EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၂၉
- မြစ်ကြီးနားမြို့ မြို့သစ်ကြီးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ကျန်းမာရေး အသိပညာပေး ဟောပြော ပွဲကို ပြုလုပ်ပေးခဲ့ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးဝဏ္ဏထွန်းကပြောသည်။
- “ပြည်သူတွေ အသိပညာ ဗဟုသုတတွေ ရရှိအောင် ရောဂါမဖြစ်အောင် စနစ်တကျ နေထိုင် စားသောက်ပုံတွေ သိစေချင်လို့ပါ” ဟု၎င်းကပြောသည်။
- အမျိုးသမီးများ မျိုးဆက်ပွားခြင်း၊ သားဆက်ခြားခြင်း၊ တီဘီ၊ အနာကြီး၊ အိတ်အိုင်ဗီ၊ အေအိုင်ဒီ အက်စ် ရောဂါများ မကူးစက်စေရန် အနေအထိုင် အစားအသောက်အကြောင်းများနှင့် ဆေးလိပ်သောက် သုံးခြင်း ဆိုးကျိုးများ ရှင်းပြခဲ့သည်။
- အဆိုပါ အသိပညာပေး ဟောပြောပွဲများကို မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်တိုင်းတွင် တစ်လတစ်ခါ လှည့်လည် ဟောပြောရှင်းပြမည်ဖြစ်ပြီး မြို့သစ်ကြီး ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတက်တိုးနှင့် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်မိုးမိုးအောင်နှင့် ရပ်ကွက်အတွင်း နေထိုင်သူများ တက်ရောက်ခဲ့ကြသည်။



Comments
Post a Comment