မိုးကောင်းမြို့တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု စိုက်ပျိုးရေးနှင့် မွေးမြူရေးနည်းပညာ သင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိ

မိုးကောင်းမြို့တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု စိုက်ပျိုးရေးနှင့် မွေးမြူရေးနည်းပညာ သင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိ

EPN
မိုးကောင်း၊ စက်တင်ဘာ ၁၈
  • မိုးကောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှကြီးမှူး၍ မိုးကောင်းမြို့ နတ်ကြီး ကုန်းရပ်ကွက် အမှတ်( ၃၆၁ )တွင်  စက်တင်ဘာ ၁၅ ရက်မှ စတင်ဖွင့်လှစ်လျက်ရှိသော အသက်မွေးဝမ်း ကျောင်း အထောက်အကူပြု စိုက်ပျိုးရေးနှင့် မွေးမြူရေးနည်းပညာသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက် ရှိသည်။
  • ယင်းသင်တန်း၏ စတုတ္ထနေ့ဖြစ်သည့် စက်တင်ဘာ ၁၈ရက် နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိန်လွင်က "စပါးစိုက်ပျိုးခြင်းနည်းပညာနှင့် စပါးမျိုးစေ့ ထုတ်နည်းပညာပြန့်ပွားခြင်း" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်တင်ဇာခြည်ကျော်က "ဘက်စုံပိုးမွှား ကာကွယ်နှိမ်နင်းရေး"ခေါင်းစဉ်ဖြင့် လည်းကောင်း ရှင်းလင်းပို့ချသင်ကြားပေးခဲ့သည်။
  • မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကြီးတန်းစာရေး ဦးအောင်သူရိန်ဇော်က "စက်တင်ဘာ ၂၉ ရက်အထိ သင်တန်းကာလနှစ်ပတ်ကြာ သင်တန်းနည်းပြများအဖြစ် မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာန၊  မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနဲ့ စာရင်းအင်းဦးစီးဌာနနဲ့ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့က ပူးပေါင်း ပို့ချ သင်ကြားပေးသွားမှာဖြစ်ပါတယ်။ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့ ယခင် ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်နေပြည်သူများ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လက်သမား ပန်းရန်သင်တန်းနဲ့ အခြေခံအပ်ချုပ်စက်သင်တန်းနှစ်ကြိမ်စီ ဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ် "ဟု ပြောကြားသည်။
  • မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် သင်တန်းကာလအတွင်း နောက်ပိုင်းရက်များတွင် စပါး စိုက်ပျိုးရေး၊ မှိုစိုက်ပျိုးရေးနှင့် ရိတ်သိမ်းချိန်လွန် နည်းပညာများကို ဆက်လက်ပို့ချပေးသွားမည် ဖြစ်ပြီး သင်တန်းကို ကျေးရွာများမှ ရွေးချယ်စေလွှတ်ခဲ့သည့် စုစုပေါင်း သင်တန်းသား သင်တန်းသူ ၃၀ဦး တက်ရောက်ခဲ့ကြကြောင်းသိရသည်။
                                              ဦးဝင်းအောင်(မိုးကောင်း)

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ