ခိုးယူလာသော ပစ္စည်းများဟုဆိုကာ မသင်္ကာသဖြင့် လူငယ်(၃)ဦးကို ဖမ်းဆီးစစ်ဆေး
ခိုးယူလာသော ပစ္စည်းများဟုဆိုကာ မသင်္ကာသဖြင့် လူငယ်(၃)ဦးကို ဖမ်းဆီးစစ်ဆေး
EPN
မိုးညှင်း၊ စက်တင်ဘာ ၁၅
- ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ကန်ကုန်းလေးကျေးရွာကားလမ်းမတွင် လူ(၃)ဦး စီးနှင်းလာသော ဆိုင်ကယ်အား မသင်္ကာသဖြင့် ရပ်တန့်စစ်ဆေးရာ ၄င်းတို့ပိုင်ဆိုင်ကြောင်း ပြောဆိုခြင်း မရှိဘဲ နေအိမ်တစ်အိမ်မှ ခိုးယူလာသော ပစ္စည်းများ ဟုဆိုကာ ဖမ်းဆီးစစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။
- ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၄ရက် ည ၇နာရီခွဲခန့်က နန်းမားနယ်မြေရဲစခန်းမှ ဒုရဲအုပ် ဆုဝေဦးစီး တဖ၀များသည် သက်သေများနှင့်အတူ လှည့်ကင်းဆောင်ရွက်နေစဉ် ကန်ကုန်းလေး ကျေးရွာကားလမ်းမ တွင် လူ(၃)ဦး စီးနှင်းလာသော ဆိုင်ကယ်အား မသင်္ကာသဖြင့် ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်မောင်းနှင်သူ မှာ မျိုးလှိုင်ဝင်းဖြစ်ပြီး နောက်တွင် ထိုင်လာသူများမှာ ချစ်တီး(ခ)ချစ်ဦး(ခ)ထက်နိုင်ဦးနှင့် အာကာ(ခ) သိန်းသိန်းအောင်တို့ဖြစ်ကြောင်းသိရပြီး ချစ်တီးလွယ်ထားသည့် ဘေးလွယ်အိတ်အတွင်းမှ HELLO KITTY စာတန်းပါ ကြောင်ရုပ်ပုံပလပ်စတစ်ကာဘာတပ်ထားသည့် HUAWEI BLL-22 အမျိုးအစားအဖြူရောင်ဖုန်း (TELENORဆင်းကဒ်နှစ်ကဒ်ထည့်လျှက်) ဟန်းဆက်(၁)လုံးနှင့် TELENOR ဆင်းကဒ်နှင့် MPT ဆင်းကဒ် ထည့်လျှက် HUAWEI အမျိုးအစားရွှေအိုရောင်ဖုန်းဟန်းဆက်(၁)လုံးနှင့် ကျော်မျိုးအောင်အမည်ပါ (ခ) ယာဉ်မောင်းလိုင်စင်ကဒ်ပြား(၁)ခုနှင့် CB BANK ငွေထုတ်ကဒ်(၁)ခု၊ ငွေစက္ကူရောရာ(၃၆၅၀)ကျပ်နှင့် GIORDANO တံဆိပ်ပါ အနက်ရောင်ခေါက်ပိုက်ဆံအိတ်အရှည်(၁)လုံးတို့အား တွေ့ရှိပြီး ဖုန်းဟန်းဆက်(၂) လုံး၊ ယာဉ်မောင်းလိုင်စင်၊ ငွေထုတ်ကဒ်၊ ပိုက်ဆံအိတ်တို့နှင့် ပတ်သက်၍ စစ်မေးရာ ၄င်းတို့ပိုင်ဆိုင်ကြောင်း ပြောဆိုခြင်းမရှိဘဲ နေအိမ်တစ်အိမ်မှ ခိုးယူလာဖွယ်မသင်္ကာသဖြင့် ၄င်းတို့(၃)ဦးအား ဖမ်းဆီးစစ်ဆေးခဲ့ ကြောင်းသိရသည်။
- အဆိုပါ ၄င်းသုံးဦးအား ဒုရဲအုပ် ဆုဝေမှ တရားလိုပြုလုပ်၍ တိုင်တန်းခဲ့သဖြင့် နန်းမားနယ်မြေ ရဲစခန်းမှ (ပ)၁၇/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ကျင့် ၅၄ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျှက် ရှိကြောင်းသိရသည်။

Comments
Post a Comment