မိုးကောင်းမြို့ နောင်ကိုင်တော်ရပ်ကွက် ပြည့်အားမာန် ရောင်းဝယ်ရေးသမဝါယမအသင်းလီမိတက် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပ

မိုးကောင်းမြို့ နောင်ကိုင်တော်ရပ်ကွက် ပြည့်အားမာန် ရောင်းဝယ်ရေးသမဝါယမအသင်းလီမိတက် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပ

EPN
မိုးကောင်း စက်တင်ဘာ ၁၂
  • ကချင်ပြည်နယ် မိုးကောင်းမြို့ နောင်ကိုင်တော်ရပ်ကွက် ပြည့်အားမာန်ရောင်းဝယ်ရေး သမဝါယမ အသင်းလီမိတက်၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲ ကို စက်တင်ဘာ ၁၂ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
  • အခမ်းအနားတွင် သဘာပတိဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းရင်၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီး အရာရှိ ဦးမျိုးခိုင်၊ မြို့နယ်သမဝါယမအသင်းစု ဥက္ကဋ္ဌ ဦးထွန်းအောင်ဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုးရွှေ တို့ကအမှာစကားပြောကြားပြီး ဒါရိုက်တာအဖွဲ့အတွင်းရေးမှူး ဦးကျော်မြိုင်က နှစ်ပတ်လည်လုပ်ငန်း အစီ ရင်ခံစာကို လည်းကောင်း၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဌာနခွဲစာရေး ဦးခွန်ဘောမ်က နှစ်ချုပ်ဘဏ္ဍာရေး ရှင်းတမ်းကိုလည်းကောင်း အသီးသီးဖတ်ကြားတင်သွင်းကာ သဘာပတိက တက်ရောက်လာကြသည့် အသင်းသားများထံမှ အတည်ပြုချက်ရယူခဲ့သည်။
  • ထို့နောက် အသင်းသားများ၏ သားသမီးများအနက်မှ (၂၀၁၇) ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သည့် လေးဘာသာဂုဏ်ထူးရှင်တစ်ဦးအပါအဝင် ကျောင်းသားကျောင်းသူ ၂၁ ဦးတို့အား တာဝန်ရှိသူများက ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရသည်။
  • ပြည့်အားမာန်ရောင်းဝယ်ရေးသမဝါယမ အသင်းလီမိတက် ဒါရိုက်တာအဖွဲ့ဥက္ကဌ  ဦးထွန်းရင်က အသင်းကို ၂၀၀၇-၂၀၀၈ ဘဏ္ဍာရေးနှစ်တွင် စတင်ဖွဲ့စည်းတည်ထောင်ပြီး ငွေစုငွေချေးလုပ်ငန်း အသေး စားချေးငွေလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိ အသင်းသား ၅၄၃ ဦးရှိပြီး အစုရှယ်ယာငွေ ကျပ် ၁၆၃ သိန်းကျော် စုဆောင်းငွေကျပ် ၁၈၄၃ သိန်းကျော်ဖြင့် လုပ်ငန်းလည်ပတ်နေကြောင်း ပြောကြားခဲ့ သည်။
                                                 ဦးဝင်းအောင်(မိုးကောင်း)





Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ