မိုးကောင်းမြို့နယ်တွင် ၀ါးရုံတော၌ မျှစ်ချိုးသွားရာမှ မိုင်းနင်းမိ၍ အမျိုးသမီးတစ်ဦး ဒဏ်ရာများရရှိ
မိုးကောင်းမြို့နယ်တွင် ၀ါးရုံတော၌ မျှစ်ချိုးသွားရာမှ မိုင်းနင်းမိ၍ အမျိုးသမီးတစ်ဦး ဒဏ်ရာများရရှိ
EPN
မိုးကောင်း၊ စက်တင်ဘာ ၁၅
- ကချင်ပြည်နယ် မိုးကောင်းမြို့နယ်၊ မြို့သစ်ကြီးကျေးရွာ၊ လျှော်ဖြူကုန်းရပ်ကွက်နေသူနှစ်ဦး ၀ါးရုံတော၌ မျှစ်ချိုးသွားရာမှ မိုင်းနင်းမိ၍ အမျိုးသမီးတစ်ဦး ဒဏ်ရာများရရှိခဲ့ကြောင်း မိုးကောင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
- ဖြစ်စဉ်မှာ စက်တင်ဘာ ၁၅ရက်နေ့ နံနက်၉နာရီခန့်က မိုးကောင်းမြို့နယ်၊ မြို့သစ်ကြီးကျေးရွာ၊ လျှော်ဖြူကုန်းရပ်ကွက်နေသူ မချိုသဲ(၃၃)နှစ်နှင့် ဦးထွန်းထွန်းဝင်း(၃၅)နှစ်တို့ လင်မယားနှစ်ဦးသည် မြို့သစ်ကြီးကျေးရွာ အရှေ့မြောက်ဘက် (၇)မိုင်ခန့်၊ နမ့်ခမ်းခ ရေအားလျှပ်စစ်စက်ရုံ၏ မြောက်ဘက် (၄)ဖာလုံခန့်၊ နမ့်ခမ်းခချောင်း အရှေ့ဘက်ကမ်း (၁)ဖာလုံခန့်အကွာ ၀ါးရုံတောတွင် မျှစ်ချိုးနေစဉ် ကေအိုင်အေ (စီစစ်ဆဲ)မှ ထောင်ထားသည်ဟု ယူဆရသော နင်းမိုင်း(၁)လုံးအား နင်းမိ၍ပေါက်ကွဲခဲ့ရာ မချိုသဲတွင် ၀ဲဘက်ခြေမျက်စိအောက်ပိုင်း စုတ်ပြတ်/ ပြတ်ထွက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိပြီး ဦးထွန်းထွန်းဝင်း မှာ ဒဏ်ရာမရရှိခဲ့ကြောင်း သိရသည်။
- မိုင်းဒဏ်ရာရရှိသူ မချိုသဲအား နမ္မတီးတိုယ်နယ်ဆေးရုံမှတဆင့် မြစ်ကြီးနားဆေးရုံသို့ ယနေ့ စက်တင်ဘာလ ၁၅ရက် နေ့လည် ၁၂နာရီခန့်တွင် နမ္မတီးမြို့ ကုသိုလ်ဖြစ်နာရေးကူညီမှုအသင်းမှ ကိုဇော်မင်းထွန်း မောင်းနှင်သော XSE-4695၊ တိုယိုတာ ဟိုက်အေ့(စ်) မော်တော်ယာဉ်ဖြင့်ပို့ဆောင်ခဲ့ရာ မြစ်ကြီးနား ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသနေကြောင်း သတင်းရရှိသည်။




Comments
Post a Comment