ဟိုပင်မြို့ ဇီးကုန်းကျေးရွာအနီး မူးယစ်ဆေးဝါးထပ်မံဖမ်းမိ

ဟိုပင်မြို့ ဇီးကုန်းကျေးရွာအနီး မူးယစ်ဆေးဝါးထပ်မံဖမ်းမိ

EPN
ဟိုပင်မြို့၊ စက်တင်ဘာ ၇
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဟိုပင်မြို့ ဇီးကုန်းရွာအနီး ဇီးကုန်း-ကွင်းကြီးသွားကားလမ်းမပေါ်တွင် မူးယစ်ဆေးဝါးများ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာလ ၆ရက်နေ့ ၆ နာရီချိန်ခန့်တွင် ဟိုပင်မူးယစ်တပ်ဖွဲ့စု(၃) မိုးညှင်းမှ ရဲအုပ် နိုင်ဝင်း ဦးစီးပူးပေါင်းအဖွဲ့သည် ဇီးကုန်းကွင်းကြီးသွားကားလမ်းမပေါ်တွင် ဇီးကုန်းဘက်မှ ကွင်းကြီးကျေးရွာ ဘက်သို့ ယာဉ်မောင်း လှကြိုင်(ခ)လှမင်း (၆၂)နှစ်မောင်းနှင်၍ ဆိုင်းပနမ(ခ)မာပွတ်(၂၄)နှစ်(ဘ)ဦးဂွမ်မော် မြို့သစ်ကလေးကျေးရွာ အရှေ့ရပ်ကွက် ဟိုပင်မြို့နေသူ လိုက်ပါလျက် KENBO အနက်ရောင်ဆိုင်ကယ် အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်းပန်(ခ)မာပွတ်ခန္ဓာကိုယ်၌ လွယ်ထားသော အဖြူရောင်နှင့် အနက်ရောင်ပါ အမျိုးသမီး ရှုံ့ကြိုးအိတ်အတွင်းမှ အစိမ်းရောင်Flower စာတမ်းပါ ဆပ်ပြာခွက်အတွင်း ပလပ်စတစ်အိတ်ဖြင့် ထည့်ထားသည့် ဘိန်းဖြူဟုယူဆရသော ဖြူ/ဝါရောင်အမှုန့်အလေးချိန် ၈ ဂရမ်ခန့်ပါ တစ်ခွက်အားရှာဖွေတွေ့ရှိသဖြင့် သက်သေများရှေ့တွင် သိမ်းဆည်းဖမ်းဆီးခဲ့သည်။
 ဆက်လက်၍ လှကြိုင်(ခ)လှမင်းနေအိမ်အား မိုးညှင်းမြို့နယ်မှူး၏ မူးယစ်ဆေးဝါးရှာဖွေခွင့် ဝရမ်း အမှတ် ၈၄/၂၀၁၇ဖြင့် ဝင်ရောက်ရှာဖွေရာ လှကြိုင်အိပ်ခန်းကြမ်းပြင်ပေါ်မှ HID စာတမ်းပါ ဂျပ်ဖာဗူး အတွင်း အနီရောင်ဆပ်ပြာခွက်ဖြင့်ထည့်လျက် ပလပ်စတစ်အိတ်ဖြင့်ထုတ်ထားသည့် ဘိန်းဖြူဟုယူဆ ရသော ဖြူ/ဝါရောင်မှုန့်အလေးချိန် ၁၀ဂရမ်ခန့်အားတွေ့ရှိရသဖြင့် သက်သေများရှေ့တွင် သိမ်းဆည်း ရမိခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်နှင့် ပတ်သတ်၍ မူးယစ်ဆေးဝါးသယ်ဆောင်လာသော လှကြိုင်(ခ)လှမင်း နှင့်ဆိုင်းပန်(ခ) မာပွတ် မြို့သစ်ကလေးကျေးရွာ အရှေ့စုရပ်နေသူတို့နှစ်ဦးအား ဒုရဲအုပ်နေလင်းမှ တရားလိုပြုလုပ်ကာ ဟိုပင်နယ်မြေရဲစခန်းတွင် ဒုရဲအုပ် အောင်ကျော်မျိုးက မယ(ပ)၃၅ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ဖြင့် အမှုဖွင့် အရေးယူစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
                                                            မျိုးသူရိန်
                  

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ