မိုးကောင်းမြို့အမေ့မေတ္တာပညာဒါနကျောင်းသို့ အလှူငွေများပေးအပ်
မိုးကောင်းမြို့အမေ့မေတ္တာပညာဒါနကျောင်းသို့ အလှူငွေများပေးအပ်
EPN
မိုးကောင်း စက်တင်ဘာ ၉
- မိုးကောင်းမြို့ အမေ့မေတ္တာ တက္ကသိုလ်ဝင်တန်းသီးသန့်ပညာဒါနကျောင်းသို့ အလှူငွေများ ပေးအပ်ပွဲကို စက်တင်ဘာ ၉ ရက် မွန်းလွဲ ၁နာရီအချိန်က အဆိုပါပညာဒါနတည်ရှိရာ မိုးကောင်းမြို့ ဈေးကုန်း ရပ်ကွက် အမှတ်(၄၃၉) တွင် ကျင်းပရာ ဖိတ်ကြားထားသူများနှင့် ပညာဒါနကော်မတီဝင်များ တက်ရောက် ခဲ့ကြသည်။
- အခမ်းအနားတွင် အမေ့မေတ္တာပညာဒါနကျောင်း စတင်တည်ထောင်သူ ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီအဖွဲ့ဝင် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိုးညှင်းခရိုင် မိုးကောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးဝင်းအောင်က အလှူငွေပေးအပ်ပွဲ ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး အမေ့မေတ္တာပညာဒါနကော်မတီ ဘဏ္ဍာရေးမှူး ဦးကျော်ငြိမ်းက ကျေးဇူးတင်စကားများပြန်လည်ပြောကြားခဲ့သည်။
- ထို့နောက် ရန်ကုန်မြို့ Excellent Fortune Foundationအဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းမျိုးဝင်း လှူဒါန်းခဲ့သည့် ငွေကျပ်သိန်းတစ်ရာကိုလည်း စေတနာရှင်ကိုယ်စား မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးတင်လင်းမှ အမေ့မေတ္တာပညာဒါနတာဝန်ခံ ဒေါ်မိမိကျော်ထံပေးအပ်လှူဒါန်းခဲ့သည်။
- အမေ့မေတ္တာပညာဒါနကျောင်းတာဝန်ခံ စတင်တည်ထောင်သူ ဦးဝင်းအောင်က ဤတက္ကသိုလ် ဝင်တန်းသီးသန့် အခမဲ့ပညာဒါနကျောင်းကို ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ၂၀၁၆-၂၀၁၇ ပညာသင်နှစ်အထိ ကျောင်းသားကျောင်းသူ ၁၇၀ဦးကို လက်ခံသင်ကြားပေးနိုင်ခဲ့ပြီး ယင်းတို့အနက် ၃၆ ဦး စာမေးပွဲ အောင်မြင်ပြီးဖြစ်ကြောင်း၊ ယခု ၂၀၁၇-၂၀၁၈ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူ ၂၈ဦးကို လက်ခံသင်ကြားပေးလျက်ရှိကြောင်းနှင့် ကျောင်းသားကျောင်းသူများ၏ ဘဝရှေ့ရေးနှင့် အသက်မွေးဝမ်း ကျောင်းမှု အထောက်အကူပြုစေရန် အခမဲ့ကွန်ပျူတာသင်တန်းကိုလည်း လေးကြိမ်ဖွင့်လှစ်နိုင်ခဲ့ကြောင်း တို့ကို ရှင်းလင်းပြောကြားခဲ့သည်။

Comments
Post a Comment