ကချင်ပြည်နယ်တွင် ယခုနှစ်အတွင်း လူကုန်ကူးခံရသူတိုးလာပြီး မြစ်ကြီးနားခရိုင်မှ အများဆုံးဖြစ်ပွား

ကချင်ပြည်နယ်တွင် ယခုနှစ်အတွင်း လူကုန်ကူးခံရသူတိုးလာပြီး မြစ်ကြီးနားခရိုင်မှ အများဆုံးဖြစ်ပွား

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၁၂
  • ကချင်ပြည်နယ်တွင် ယခုနှစ်အတွင်း လူကုန်ကူးခံရသူတိုးလာပြီး မြစ်ကြီးနားခရိုင်မှ အများဆုံး ဖြစ်ပွားခဲ့ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ပြောကြားခဲ့သည်။
  •  “အမှုဖြစ်ပွားမှုက အရင်နှစ်တွေကထက် တိုးလာတယ် အဓိကကတော့ စားဝတ်နေရေးပေါ့ လှုမှုဘဝခက်ခဲတာတွေ ပွဲစားတွေရဲ့ မက်လုံးပေး စည်းရုံးနိုင်မှုတွေနဲ့ တရုတ်တွေရဲ့ မိန်းမအဖြစ် ရောင်းစား ခံရမှုတွေကြောင့်ပေါ့” ဟု လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့စု၁၂မှ ရဲမှူး အောင်မင်းကြည်က ပြောသည်။
  • ကချင်ပြည်နယ်၌ ၂၀၁၅မှ ၂၀၁၇ စက်တင်ဘာလအထိ လူကုန်ကူးမှု ၄၈မှု ဖြစ်ပွားခဲ့ပြီး မြစ်ကြီးနား တွင် ၁၈မှုဖြစ်ပွားခဲ့ကာ ကချင်၊ ဗမာ၊ ရှမ်း၊ လီဆူ အမျိုးသမီးများ လူကုန်ကူးခြင်းခံရပြီး ကချင်အမျိုးသမီး ၂၀ကျော်ခန့်ရှိကြောင်း မြစ်ကြီးနား  လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ရုံးမှစာရင်းများအရ သိရသည်။
  • လူကုန်ကူးခြင်းခံရသူအများစုမှာ အသက်၁၆နှစ်မှ ၂၅နှစ်ကြား  အမျိုးသမီးများ  လွယ်ဂျယ်၊ ဗန်းမော်၊ မြစ်ကြီးနား၊ မိုးညှင်းမြို့များတွင် အဖြစ်များကာ ၂၀၁၅မှ၂၀၁၇အထိ တရားခံ ကျား၊မ ပေါင်း ၈၅ဦး ဖမ်းဆီးရမိကာ လူကုန်ကူးခံရသူ အမျိုးသမီး စုစုပေါင်း ၆၃ဦး ရှိခဲ့ကြောင်းသိရသည်။
  • “ကျွန်တော်တို့ ဌာနအနေနဲ့ ကချင်၊ မြန်မာ၊ တရုတ်ဘာသာနဲ့ ရိုက်နှိပ်ထားတဲ့ အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေတာမျိုး မြို့ဝင်ဂိတ်တွေ ကန်ပိုက်တည်နယ်စပ်ထွက်ပေါက်တွေ မှာ  မြေစိုက် ပိုစတာ စိုက်ထူတာတွေ လုပ်နေပါတယ်” ဟု ရဲမှူး အောင်မင်းကြည်ကပြောသည်။
  • လူကုန်ကူးမှု ပြစ်ဒဏ်များအဖြစ် အမျိုးသမီးနှင့် ကလေးများကို လူကုန်ကူးပါက ထောင်ဒဏ်(၁၀) နှစ်မှ ထောင်ဒဏ်တစ်သက်အပြင် ငွေဒဏ်၊ အမျိုးသားများကို လူကုန်ကူးပါက ထောင်ဒဏ်(၅)နှစ်မှ (၁၀) နှစ်အပြင် ငွေဒဏ်၊ လူကုန်ကူးမှုကျုးလွန်စဉ် ထောင်ဒဏ် ၄နှစ်နှင့် အထက်ချမှတ်နိုင်သည့် ပြစ်ဒဏ်ကို ကျူးလွန်ပါက သေဒဏ်နှင့် ဂိုဏ်းဖွဲ့လူကုန်ကူးမှုကို ကျုးလွန်ပါက ထောင်ဒဏ် အနှစ်၂၀မှ ထောင်ဒဏ် တစ်သက်အပြင် ငွေဒဏ်များ ချမှတ်နိုင်ကြောင်း ရဲမှူး အောင်မင်းကြည်ကပြောသည်။
                                                                  မီးမီး



Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ