နည်းပညာတက္ကသိုလ် (ဗန်းမော်)သရုပ်ပြ၊ နည်းပြလုပ်ငန်းခွင် အကြိုသင်တန်း (၁/၂၀၁၇)ဖွင့်လှစ်

နည်းပညာတက္ကသိုလ် (ဗန်းမော်)သရုပ်ပြ၊ နည်းပြလုပ်ငန်းခွင် အကြိုသင်တန်း (၁/၂၀၁၇)ဖွင့်လှစ်

EPN
ဗန်းမော်၊ စက်တင်ဘာ ၁၁
  • ကချင်ပြည်နယ် ဗန်းမော်မြို့တွင် နည်းပညာတက္ကသိုလ်သရုပ်ပြ၊ နည်းပြ လုပ်ငန်းခွင် ဆိုင် ရာ အကြိုသင်တန်း (၁/၂၀၁၇)ဖွင့်လှစ်ခြင်းကို စက်တင်ဘာ ၁၁ ရက် နံနက် ၁၀ နာရီခန့်က နည်းပညာ တက္ကသိုလ် (ဗန်းမော်) Assembly Hall ခန်းမတွင် ကျင်းပခဲ့ရာ ကျောင်းအုပ်ဆရာကြီး ဒုတိယပါမောက္ခချုပ်  (တာဝန်) ဒေါက်တာမင်းမင်းဦးက အမှာစကားပြောကြား၍ သင်တန်းကိုဖွင့်လှစ်ခဲ့သည်။
  • သရုပ်ပြ၊ နည်းပြ၊ ဆရာ၊ ဆရာမများကို လုပ်ငန်းခွင်နှင့်ပတ်သက်၍ သိရှိနားလည်စေပြီး ကျွမ်းကျင် စွာလုပ်ကိုင်ဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ လုပ်ငန်းခွင်ဆိုင်ရာအကြိုသင်တန်းကို ဖွင့်လှစ်ရခြင်း ဖြစ် ကြောင်း ကျောင်းအုပ်ကြီး ဒုတိယပါမောက္ခချူပ်(တာဝန်) ဒေါက်တာမင်းမင်းဦး ကပြောသည်။
  • အဆိုပါသင်တန်းဖွင့်ပွဲသို့ ကျောင်းအုပ်ကြီး ဒုတိယပါမောက္ခချုပ် (တာဝန်) ဒေါက်တာမင်းမင်းဦး၊ ပါမောက္ခများ၊ ကထိကများ၊ ဆရာ၊ ဆရာမများနှင့် သင်တန်းသားသင်တန်းသူ ၁၃ ဦး တက်ရောက်ခဲ့ကြ ကြောင်းသိရသည်။
  • သင်တန်းကာလမှာ စက်တင်ဘာ ၁၁ရက်နေ့မှ၁၃ရက်နေ့အထိဖြစ်ကြောင်း ဗန်းမော်မြို့ နည်းပညာ တက္ကသိုလ်ထံမှ သိရှိရသည်။
                                                    ဗန်းမော် သုခမိန်

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ