မိုးကောင်းမြို့တွင် ပညာတန်ဆောင် မူလတန်းထက်ဆင့်ရုပ်ပုံကြည့် စာစီစာကုံးပြိုင်ပွဲကျင်းပ
မိုးကောင်းမြို့တွင် ပညာတန်ဆောင် မူလတန်းထက်ဆင့်ရုပ်ပုံကြည့် စာစီစာကုံးပြိုင်ပွဲကျင်းပ
EPN
မိုးကောင်း၊ စက်တင်ဘာ ၁၀
- ကချင်ပြည်နယ် မိုးကောင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ပညာတန် ဆောင်စာစဉ်မှကြီးမှူး၍ မူလတန်းထက်ဆင့်ရုပ်ပုံကြည့် စာစီစာကုံးပြိုင်ပွဲကို ပြုလုပ်ကျင်းပခဲ့သည်။
- အဆိုပါ စာစီစာကုံးပြိုင်ပွဲကို စက်တင်ဘာလ ၁၀ရက် ၁၀နာရီခန့်က မိုးကောင်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မဏိပညာကျောင်းဆောင်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကလေးများပညာ သင်ကြားရာတွင် ကျောင်းစာများအပြင် ကိုယ်ပိုင်အသိပညာဗဟုသုတ၊ စဉ်းစားတီထွင်ခြင်းတို့အပြင် ကိုယ်ပိုင်အတွေးဖြင့် စာစီစာကုံးများရေးသားနိုင်စေရန်နှင့် စာပေဖတ်ရှုမှု အလေ့အထရစေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။
- ယင်းပြိုင်ပွဲကို မြို့နယ်အတွင်းရှိ မူလတန်းကျောင်းများမှ မူလတန်း ကျောင်းသူ/သားများ (၅၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး မြို့နယ်ပညာရေးမှူး ဦးသန်းထွန်းနှင့် ဆရာ/ဆရာမများ လာရောက် အားပေးကြည့်ရှု ခဲ့ကြကာ မြို့နယ်အလိုက် ပြိုင်ပွဲပြုလုပ်ပြီးပါက မြို့နယ်အကဲဖြတ်ဒိုင်အဖွဲ့မှ စီစစ်၍ ပညာတန်ဆောင် စာစဉ်သို့ ပေးပို့သွားမည်ဖြစ်ကြောင်းသိရသည်။







Comments
Post a Comment