စာသင်ဆောင်တွင်း မိုးရေယိုစိမ့်နေသဖြင့် စာသင်ရာတွင် အခက်အခဲများဖြစ်ပေါ်နေ

စာသင်ဆောင်တွင်း မိုးရေယိုစိမ့်နေသဖြင့် စာသင်ရာတွင် အခက်အခဲများဖြစ်ပေါ်နေ

EPN
မိုးကောင်း၊ စက်တင်ဘာ ၁၀
  • ကချင်ပြည်နယ် မိုးကောင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ မဏိရတနာ ကျောင်းဆောင်တွင် အဆောင်မျက်နှာကျက်နှင့် ရေတံလျှောက်များပျက်စီးကာ မိုးရေများ ယိုစိမ့်နေသဖြင့် ကျောင်းသား/သူများ စာသင်ကြားရာတွင် အခက်အခဲများ ရှိနေကြောင်း သိရသည်။
  •  ကျောင်းဆောင်စတင်ဆောက်လုပ်ပြီး သုံးနှစ်ဝန်းကျင်ခန့်အကြာတွင် ယခုကဲ့သို့ ပျက်စီးယိုယွင်း လာခြင်းဖြစ်ကြောင်း အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်လှ မှ ပြောသည်။
  • "အခန်းထဲက မျက်နှာကျက်တွေမှာလဲ လှိုင်းတွေဖြစ်နေတယ်။ ပိုပြီးပျက်စီးလာမှာမို့ ကျောင်းရံပုံငွေ ထဲက ပြင်ရတော့မယ်။ အဲဒီလိုပျက်စီးနေမှုကို တာဝန်ခံသူ တာဝန်ယူသူ မရှိသေးပါဘူး" ဟု ကျောင်းအုပ် ဆရာမကြီးက ပြောကြားခဲ့သည်။
  • ယင်းကဲ့သို့ ပျက်စီးနေမှုများကြောင့် မိုးရွာသောရက်တိုင်း မျက်နှာကျက်မှတဆင့် စာသင်ခန်း တွင်းသို့ မိုးရေများယိုကျနေကြောင်း သိရသည်။
  • “မိုးရွာတိုင်း ရေကျနေတော့ စာသင်ရတဲ့နေရာမှာလည်း အခက်အခဲဖြစ်တယ်” ဟု ကျောင်းအုပ် ဆရာမကြီးက ပြောသည်။
  • အဆိုပါ မဏိရတနာကျောင်းဆောင်ကို ၂၀၁၄ခုနှစ်တွင် ပြည်ထောင်စုခွင့်ပြုရံပုံငွေကျပ် သိန်းပေါင်း (၂၀၄၀)ဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး တာဝန်ယူဆောက်လုပ်ခဲ့သည့် ကုမ္ပဏီမှာ သျှံထူးအောင်ကုမ္ပဏီ လီမိတက် ဖြစ်ကြောင်းနှင့် လက်ရှိအချိန်တွင် ကုမ္ပဏီမှာ ဖျက်သိမ်းသွားပြီဖြစ်ကြောင်း သိရသည်။
                                                           ချိုမောင်




Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ