မိုးညှင်းတွင် မူးယစ်ဆေးဝါးသုံးစွဲသူက အသက် (၇၈)နှစ် အဖွားတစ်ဦးအား ဓားဖြင့်ခုတ်

မိုးညှင်းတွင် မူးယစ်ဆေးဝါးသုံးစွဲသူက အသက် (၇၈)နှစ် အဖွားတစ်ဦးအား ဓားဖြင့်ခုတ်

EPN
မိုးညှင်း၊ စက်တင်ဘာ ၂၁
  • မိုးညှင်းမြို့ အောင်သပြေရပ်ကွက်(၃)တွင် မူးယစ်ဆေးဝါးသုံးစွဲသူ တစ်ဦးက အဖွားတစ်ဦးအား ဓားဖြင့် ခုတ်ခဲ့သဖြင့် အရေးပေါ်ဆေးရုံတင်ထားရကြောင်း အောင်သပြေရပ်ကွက် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
  • အဆိုပါ အမျိုးသမီးမှာအသက်  (၇၈)နှစ်ရှိ ဒေါ်ကျိန်ဆံဆိုသူဖြစ်ပြီး အဆိုပါဓားဒဏ်ရာကြောင့် မိုးညှင်းဆေးရုံကြီးတွင် စိုးရိမ်ရအဖြစ် အရေးပေါ်ဆေးရုံတင်ထားရကြောင်း အောင်သပြေရပ်ကွက် အုပ်ချုပ် ရေးမှူး ဦးနော်လာက ပြောသည်။
  • “ကျွန်တော်တို့က ည၂နာရီအထိ စောင့်ပေးခဲ့တယ် ဓားဒဏ်ရာကြောင့် ဦးခေါင်းကသွေးတွေ အရမ်းထွက်နေလို့ စောင့်ရှောက်ပေးနေတာပါ အသက်အန္တရာယ် အတော်လေးစိုးရိမ်နေရတယ် အသက် အာမခံချက်ရာခိုင်နှုန်းကတော့ ၅၀ရာခိုင်နှုန်းလို့ဘဲမြင်တယ်” ဟု ယင်းက ပြောသည်။
  • ဖြစ်စဉ်မှာ အောင်သပြေရပ်ကွက်(၃) အိမ်အမှတ်(၁၀၀)နေအိမ်တွင် စက်တင်ဘာ၂၀ရက်နေ့ ည က အသက်(၇၈)နှစ်ရှိ ဒေါ်ကျိန်ဆံ ဆိုသူက သမီးဖြစ်သူ အသက် ၅၅နှစ်ရှိ မခိုင်ဆိုသူနှင့်အတူ အိပ်စက် နေရာ ည(၁၀)နာရီခွဲဝန်းကျင်က ၎င်းတို့၏ နေအိမ်ခေါင်းရင်းတွင်နေထိုင်သူ အသက်၃၀နှစ်ရှိ ကျောက်ဟူ (ခ)ကျူးတီမှ မူးယစ်ဆေးမသုံးစွဲရ၍ ယင်း ထပြီး စိတ်ဂရောင်ခြောက်ခြားဖြစ်ကာ နေအိမ်အတွင်း ရုတ်တရက် ၀င်ရောက်ခဲ့ကြောင်း သိရသည်။
  • ၎င်းတွင် အသင့်ပါလာသောဓားဖြင့် ဒေါ်ကျိန်ဆံတို့သားအမိတို့အား လိုက်လံခုတ်ခဲ့ရာ ဒေါ်ကျိန်ဆံ ၏ ဦးခေါင်းထိပ်တွင် ၆လက်မခန့်ပြတ်ရှ ဒဏ်ရာ(၁)ချက် နဖူးထိပ်တွင် (၃)လက်မခန့် ပြတ်ရှဒဏ်ရာ တစ်ချက်၊ ညာဘက် လက်ညိုး၊ လက်ခလယ်၊ လက်သူကြွယ်၊ လက်သန်း ပြတ်ရှ ဒဏ်ရာများရရှိခဲ့ပြီး မိုးညှင်းဆေးရုံတွင် အရေးပေါ် အတွင်းလူနာအဖြစ် ကုသနေရကြောင်းသိရသည်။
  • ထို့ပြင် သမီးဖြစ်သူမခိုင်၏ ညာဘက်ကျောကုန်းတွင် (၁)လက်ခန့်ပြတ်ရှဒဏ်ရာများ ရရှိခဲ့ပြီး ဓားဖြင့်ခုတ်သူမှာ ထွက်ပြေးလွတ်မြောက်နေကြောင်း ဖမ်းဆီးရေးအဖွဲ့မှသိရသည်။
  • နေအိမ်ပေါ် ၀င်ရောက်ကျူးကျော်ကာ ဓားဖြင့်ခုတ်ခဲ့သော ကျောက်ဟူ(ခ)ကျူးတီအား(ပ)၁၄၃ ရာဇသတ်ကြီးပုဒ်မ ၄၅၂ ၊ ၃၂၆ဖြင့် အမှုဖွင့်ထားပြီး ဆက်လက်စုံစမ်းဖော်ထုတ်သွားမည်ဖြစ်ကြောင်း မိုးညှင်းမြို့မရဲစခန်းအမှုစစ် ရဲအုပ်ဇော်မျိုးထွန်း ကပြောသည်။
                                                              သူရ

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ